___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

~မာယာ ကွန်​ယက်​~

BY: @phyozawooburmes | CREATED: June 25, 2018, 8:08 a.m. | VOTES: 75 | PAYOUT: $2.38 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmTaNqnYr8FAeCfHXSzH7RYzb6qgcxFeUywFxZHVut8P55/a5d20775-6e1e-4e3a-ad5c-bb5ec1d74c99.png]

အခန်း ၁

ယခုတွင်​​တော့ သူငယ်​ချင်းသုံး​ယောက်​ဝါသနာပါရာ အား လက်​​တွေ့အ​ကောင်​အထည်​​ဖော်​ လုပ်​ကိုင်​​နေကြ​ပေသည်​။

အခန်း (၂)

နားထဲတွင်​လည်း တစ်​ဖျန်းဖျန်းနှင့်​ကြား​နေရ၏။ ​မောင်​​ကောင်းသန့်​သည့်​ မည်​သည်​အသံဖြစ်​​ကြောင်း ​ဝေခွဲ၍မတတ်​။ ထို့အသံ​ကြောင့်​သာ ​မေ့​မျော​နေရမှာ နိုးထခဲ့ပြီး ကြိုးစားကာ မျက်​လုံးများဖွင့်​ကြည့်​သည်​။ ​မှောင်​မှိုက်​​နေ​သော ဝန်းကျင်​တစ်​ခွင်​ မျက်​စိ​ရှေ့တည့်​တည့်​ တွင်​များစွာ​သောကြယ်​ပွင့်​က​လေးများ ​တွေရ​ပေသည်​။ မည်​သည့်​​နေရာနည်း။ လက်​​ပေါ်သို့ စူးခနဲ့ ခံစားလိုက်​ရသည်​။ ဘာ​ကောင်​များကိုက်​လိုက်​သနည်း။ ​မြွေသည်​​လော။ ​ခြေသလုံးများ၊ ဝမ်းဗိုက်​ထက်​နှင့်​ ရင်​ဘက်​​ပေါ်ထိ ​ရောက်​လာသည်​။ ဘယ်​လို့အ​ကောင်​​တွေများပါလိမ့်​။ ကြိုးစားကာ ​ခေါင်​​ထောင်​၍ ထကြည့်​သည်​။

http://images.all-free-download.com/images/wallpapers_large/blue_night_wallpaper_abstract_3d_wallpaper_279.jpg
Image Source

"ဟင်​...."

မောင်​​ကောင်းသန့်​ ပြုံးရုံမျှသာ ပြုံး၍ ပြန်​လှဲ​နေလိုက်​သည်​။ ဝင်​ကစွတ်​​ကောင်​များ ဖြစ်​သည်​။ တဖြည်းတဖြည်း​တွေး၍ ရလာသည်​။ ထို​နေရာသည်​ ပင်​လယ်​ကမ်း​ခြေတစ်​ခု။ ဖျန်းခနဲမြည်​သံများသည်​။ ပင်​လယ်​ဒီ​ရေနှင့်​ ​ကျောင်​​ဆောင်​များ၏ ရိုက်​ခတ်​သံများဖြစ်​သည်​။ ပတ်​ဝန်းကျင်​အား အနည်းငယ်​ အကဲခတ်​ကြည့်​သည်​။ ပတ်​ပတ်​လည်​တွင်​မြင်​သမျှ ​ကျောက်​​ဆောင်​များသာ။ ထို​ကျောက်​​ဆောင်​​ဆောင်​များ ကြားမှ လဲ့လဲ့ လဲ့လဲ့ဖြင့်​။ ​သေချာ ကြည့်​သည်​မှ ပင်​လယ်​ဒီ​ရေများ တအိအိတတ်​လာခြင်း​ပေစွ။

https://s.hswstatic.com/gif/seawater-salty-1.jpg
Image source

မောင်​​ကောင်းသန့်​သည်​ ပတ်​ဝန်းကျင်​အား ​သေချာစူးစမ်း​လေ့လာကြည့်​ပြီး။ ဘယ်​​နေရာသို့​ရောက်​​နေသည်​ကို သိရ​ပေပြီ။ သို့​​သော်​ မည်​ကဲ့သို့​ရောက်​လာသနည်း၊ ဘယ်​နှယ်​ရက်​ကြာပြီ၊ ဘယ်​ခုနှစ်​တွင်​နည်း သူစဉ်းစား၍ မရ​ပေ။ ၎င်းတို့စဉ်းစား၍ မရလည်း ကိစ္စမရှိ။ ​လော​လောဆယ်​ ထို​နေရာတွင်​ ဆက်​​နေပါက ဒီ​ရေတတ်​လာလျှင်​ ပင်​လယ်​ထဲသို့ ပြန်​လည်​​မျောပါသွား​ပေမည်​။

ကြိုးစားကာ အားပြု၍ ထကြည့်​သည်​သည်​။ စိတ်​ထဲတွင်​လည်း ဤ​နေရာတွင်​ ဆက်​​နေပါက မကြာမီ ဒီ​ရေ နှင့်​ပါသွားမည်​စိုး​နေသည်​။ တ​ရွေ့​ရွေ့ ဖြင့်​ကုန်းမြင့်​ပိုင်းသို့ ​ရောက်​လာသည်​။ ​မောဟိုက်​​နေ၏။ ​သောက်​စရာ​ရေသည်​လည်း မရှိ။ အစာ မစားရသည်​မှာလည်း ဘယ်​နှယ်​ရက်​ရှိသည်​မသိ အားအင်​လည်း ချိနဲ့​နေသည်​။ ပတ်​ဝန်းကျင်​တွင်​ ​သောက်​စရာ တစ်​ခုခုများ ရှိမလားဟု ရှာ​ဖွေကြည့်​သည်​။ ပတ်​လည်​တွင်​အုန်းပင်​များရှိ၍ ဝမ်းသာသွားသည်​။ အုန်း​ရေ​သောက်​၍ အာသာ​ပြေ​တော့ရှိဦးမည်​။ သို့​သော်​ သူသည်​အုန်းပင်​လည်းမတတ်​ တတ်​။ တတ်​၍ ရသည်​ဘဲထား သူသည်​ မည်​သိုအုန်းသီးအားခွဲရမည်​နည်း။

https://i.pinimg.com/736x/12/a2/46/12a24671cf48a2e2e131288a2c4e735e.jpg
Image source

စိတ်​ဓာတ်​ကျကာ အုန်းပင်​​အောက်​တွင်​ ​ကြွေကျ​နေသာ အုန်းသီး​ခြောက်​ နှစ်​လုံးအား ​တွေ့သည်​။ တစ်​လုံးမှာ ကြာပြီဖြစ်​၍ ပုတ်​​တောင်​​နေပြီ။ ကျန်​တစ်​လုံးမှာ ​ခေါက်​ကြည့်​​သော်​ အရည်​ရှိဟန်​နှင့်​တူသည်​။ မည်​သို့ခွဲရမည်​နည်း။ မထူး​တော့ ​ဘေးတွင်​ရှိ​သော ကန်​စွန်းရွက်​နှင့်​တူသည်​ အရွက်​များအား ခူး၍ ဝါးစားသည်​။ ​အဆိပ်​ရှိ​သော်​ ​သေလည်း ​သေ​စေဟု​တွေးလိုက်​သည်​။ မ​သေပါ အစက​တော့ ချွဲပစ်​ပစ်​ ဖြင့်​ ​များများဝါးစား​သော်​ ​ရေအငတ်​​ပြေလာသည်​။ ဝါး၍ရ​သော အရည်​​ရော အဖက်​ပါ မြိုချပစ်​လိုက်​သည်​။

လက်​တ​လော ​ရေငတ်​​တော့​ပြေပြီ။ ​ရှေး​လျောက်​ သည်​တိုင်း​နေလျှင့်​ အစာငတ်​ ​ရေငတ်​၍​သေ​တော့​ပေမည်​။ ခုထိလည်း ဘယ်​မှာ​နေ၊ဤကျွန်း​​ပေါ်သို့ ဘယ်​လို​ရောက်​လာသည်​ မသိ။ ပထမ ​မေ့​မျော​နေ​သော ​နေရာသို့ လှမ်းကြည့်​လိုက်​သည်​။ ပင်​လယ်​​ဒီ​ရေများ ဖုံးအုပ်​သွားသည်​။ ​တော်​​သေးသည်​ သတိပြန်​ရလာသည်​မှာမြန်​​ပေလို့သာ။ လက်​ရှိ​ရောက်​​နေ​သော​နေရာတွင်​ဒီ​ရေ​တော့တတ်​လာမည်​မထင်​။ ကမ်းစပ်​နှင့်​ အ​တော်​က​လေးမျှ ​ဝေးလံ​ပေသည်​။ ကိုယ်​လက်​များ မလှုပ်​ချင်​​တော့၍ စိတ်​ချလက်​ချ ​မှေးစက်​လိုက်​သည်​။
~နားပါဦးမည်​~

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writing by phyozawoo
@phyozawooburmes
MSC~071

TAGS: [ #mynamar ] [ #story ] [ #writing ] [ #myselfe ]

Replies

@a-a-a | June 25, 2018, 8:08 a.m. | Votes: 0 | [ VOTE ]

Upvote this: https://steemit.com/free/@bible.com/4qcr2i

@generalpyone | June 25, 2018, 8:15 a.m. | Votes: 0 | [ VOTE ]

နောက်ဆက်တွဲစောင့်နေမယ်နော်

@phyozawooburmes | June 26, 2018, 1:32 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ကဲ့။

@asterkame | June 25, 2018, 9:24 a.m. | Votes: 0 | [ VOTE ]

ဆက်​အား​ပေးပါ့မယ်​.. .

@phyozawooburmes | June 26, 2018, 1:32 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ အစ်​မ။

@mgmglattt | June 25, 2018, 9:56 a.m. | Votes: 0 | [ VOTE ]

အားပေးနေပါတယ်

@phyozawooburmes | June 26, 2018, 1:32 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ။

@winko | June 25, 2018, 10:51 a.m. | Votes: 0 | [ VOTE ]

အခန်းဆက်လေးတွေရေးပြီပေါ့ bro

@phyozawooburmes | June 26, 2018, 1:33 a.m. | Votes: 0 | [ VOTE ]

အဟဲ။

@yuzana | June 25, 2018, 11:36 a.m. | Votes: 0 | [ VOTE ]

လုံး ခြင်းစာအုပ်​ထုပ်​လိုက်​ညီ အား​ပေးမယ်

@phyozawooburmes | June 26, 2018, 1:33 a.m. | Votes: 0 | [ VOTE ]

ကြိုးစားကြည်​မယ်​ အစ်​ကို။

@mahaw | June 25, 2018, 12:48 p.m. | Votes: 0 | [ VOTE ]

အား‌ပေး‌နေမယ်‌ ညီ။

@phyozawooburmes | June 26, 2018, 1:34 a.m. | Votes: 0 | [ VOTE ]

ဟုတ်

@kyi | June 25, 2018, 1:32 p.m. | Votes: 0 | [ VOTE ]

မိုက်တယ် သား အရေးကောင်းသားဖဲ good😊

@phyozawooburmes | June 26, 2018, 1:34 a.m. | Votes: 0 | [ VOTE ]

တကယ်​​နော်​မမ။

@uthantzin | June 25, 2018, 3:07 p.m. | Votes: 0 | [ VOTE ]

ဇာတ်အိမ်လေးပျိုးထားတာ ကောင်းပါတယ်။စိတ်ဝင်စားပါတယ်ခင်ဗျာ။ဆက်အားပေးမယ်နော်

@phyozawooburmes | June 26, 2018, 1:35 a.m. | Votes: 0 | [ VOTE ]

စိတ်ဝင်​တစားနဲ့ အာ​ပေးတာ ​ကျေးဇူးတင်​ပါတယ်​အစ်​ကို။

@yekungsatthone | June 25, 2018, 9:55 p.m. | Votes: 0 | [ VOTE ]

အခန်းဆက်​​ရေး​ဖော်​ရပြီဗျာ...ဟီး..

@phyozawooburmes | June 26, 2018, 1:35 a.m. | Votes: 0 | [ VOTE ]

မှန်​​ပေါ့

@nweoomon | June 26, 2018, 2:41 a.m. | Votes: 0 | [ VOTE ]

စဖတ်လိုက်ကတည်းက စိတ်ဝင်စားသွားတာ
မျှော်နေမယ်

@phyozawooburmes | June 27, 2018, 2:14 a.m. | Votes: 1 | [ VOTE ]

ကျေးဇူးပါ အစ်​မ။ကြိုးစားပါ့မယ်​။

@nwenwe | June 26, 2018, 2:48 a.m. | Votes: 0 | [ VOTE ]

ကောင်းတယ် ဖတ်ကောင်းတုန်းပြီးသွားတယ်
next post မျှော်နေမည်

@phyozawooburmes | June 27, 2018, 2:15 a.m. | Votes: 0 | [ VOTE ]

😂😂

@suhtetaung | June 26, 2018, 3:53 a.m. | Votes: 0 | [ VOTE ]

ရေမျောကမ်းတင် ဇာတ်လမ်းလေး ဖတ်ရတော့မယ်... စိတ်ဝင်စားတယ် နောက်လည်းစောင့်ဖတ်သွားမယ် ။ Fighting

@phyozawooburmes | June 27, 2018, 2:15 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ကဲ့

@nyinyiwin | June 26, 2018, 4:36 p.m. | Votes: 0 | [ VOTE ]

ဇာတ်လမ်းအစလေးကတော့ ဆွဲဆောင်နေပီ ဆက်ဖတ်မယ်ညီရေ။

@phyozawooburmes | June 27, 2018, 2:16 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ကဲ့ အစ်​ကို အား​ပေးတာ ​ဝမ်းသာပါတယ်​။

@chitsone | June 27, 2018, 2:40 p.m. | Votes: 0 | [ VOTE ]

အမ် ယမင်းမ.. 😩😩 စာ ရေးတာ ညက်ချိတောင်. ဖွင့်ရဲ့လားအေ့ နိစာ ဖတ်ရတာလေ. စိတ်တေ လေးပြီး ဘာမလုပ်နိုင်တော့သလိုမောဟိုက်ပင်ပန်းသလိုခံစားရတေ အိုး.. ဂေါ့😃😃😃😃

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>