- စတီးမစ်မြန်မာများ အားလုံး မင်္ဂလာပါဟု မြန်မာလိုနုတ်ခွန်းဆက်သ ပါရစေ။ကျွန်ုပ်သည်လည်း MSC တွင် pro မတင်ဖြစ်ခဲ့သည်မှာ နှစ်ပတ်လား၊ သုံးပတ်လားပင်မသိတော့။ မိမိတို့ မြို့ကလေး၊ ရက်ကွက်ကလေးထဲတွင်စာကြည့်တိုက်ဖြစ်မြောက်ရေး အတွက် လုံးပန်းနေရသည်မှာနှင့် မအားအလပ်။ မိမိဆိုင်ကလေးပင် ဖွင့်ရက်ကသိပ်မမှန်ချင်ပေ။ စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာရ၊ လူများစည်းရုံးရေးဆင်းရ။ လူကြီးတွေနက် စကားပြောရတိုင်ပင်ရဖြင့် online ပင် သိပ်မသုံးဖြစ်ခဲ့ပေ။
ယခုတွင်မူတော့ စာကြည့်တိုက်ကလေးလည်း 9.6.2018 စနေနေ့ မနက် ၉နာရီတွင် အောင်မြင်စွာ ဖြဲကိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
စာကြည့်တိုက် ဖြစ်မြောက်အောင် ဝိုင်းဝန်းထောက်ပံကြသော မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမ များ၊ MSC မှ အဖွဲ့ဝင်များ အားလုံးကို ရိုသေစွာ ဂါဝရပြုအပ်ပါသည်။ လုပ်ငန်းဆောင်တာများလည်း အားလုံးပြီးစီးပြီမို့ အရင်တစ်ချိန်များကလိုပင် msc တွင် ကောင်းတူ ဆိုးဘက် ပြန်လည် ဆက်လက် လက်တွဲသွားပါမည်။
[IMAGE: https://cdn.steemitimages.com/DQmdktg7gKKaeFUaFL3uQ7PTuehju6VW1Unc17cU6HJ2sGK/IMG_0864-01.jpeg]
အခန်း(၁)
မာယာကွန်ယက်
မည်မျှ ကြာအောင်သတိမေ့နေသည်မသိ။
သူ့တကိုယ်လုံးတွင် နာကျင်လျက် ရှိသည်။ ရင်ထဲတွင် တလှပ်လှပ်ခံစားရသည်။ ခြေလက်တို့ မသယ်ချင်တော့၊ သယ်လည်းမသယ်နိုင်တော့ပေ။ အာခေါင်ထဲတွင်လည်း ဆေးထန်နေပြီး။ သူသည် ကြိုးစား၍ တွတွေးမြိုချကြည့်သည်။ သူ့၏ ပါးစပ်ထဲတွင် တွတွေးပင်မရှိတော့ချေ။
သူသည်ခေါင်းအားထောင်၍ ကြည့်သည့်။ ခေါင်းထောင်၍မရ။ လက်တွေလှုပ်ကြည့်သည်။ ကောင်းကောင်း လှုပ်၍ မရ။ လှုပ်လိုက်သည်နှင့် ငှါက်ပျောခွံဖက် ကွာကျသလို ပျော့ခွေကျသွားသည်။ ခါး၊ ကျောတွေလည်း အောက်နေသည်။ပွန်းပဲ့ဒဏ်ရာများ တစ်ကိုယ်လုံးတွင် ပြည့်နေသည်။ သူသည်တစ်ချက် ညည်းကာ မျက်လုံးအားဖွင့်ကြည့်သည်။ တောက်ပဆူးရှသောအလင်းရောင်သည် စူးခနဲ ဝင်လာသည်။ သူ့အလိုလို မျက်လုံးများ ပြန်ပိတ်သွားသည်။
ခန္ဓာာကိုယ်တွင် ခွန်အားဆိုသည် နည်းနည်းကလေးမျှပင် မရှိတော့။ သို့ရာတွင် ပြင်းထန်သောမှုန်တိုင်းတိုက်ခတ်သံလော၊ သေနပ်၊ ကျည်ဆံတို့ပေါက်ကွဲသံလော မည်သည့်အသံမှန်း သူဦးနှောက်ထဲတွင် ခွဲခြား၍မရ။ သူနားထဲများတွင် တရွှီရွှီဖြင့် မြွေများတွန်သဲသကဲ့သို့ကြားနေရသည်။ သူသည်မည်သည့်နေရာသို့ရောက်နေပြီနည်း။
အတတက်နိုင်ဆုံးကြိုးစား၍ ဦးနှောက်အား အလုပ်စေခိုင်းကြည့်သည်။သို့သော် သူသည် မည်သည့်အရာကိုမှ တွေးတောစဉ်းစား၍ မရ။သူ့တစ်ကိုယ်လုံးနာကျင်နေသည်ကလွဲ၍ ကျန်သည်များခေါင်းထဲတွင်မရှိ။ ထိုနေရာ၌ မည်မျှကြာအောင် မြောနေခဲ့သနည်း။
https://vignette.wikia.nocookie.net/marvelcinematicuniverse/images/5/57/AoU_Black_Widow_0003.png/revision/latest?cb=20150310045950
သူသည် တစစ်စစ်ကိုက်ခဲလျက်ရှိသော ခေါင်းတွင်းမှ ဝေတနာအား သတိပြုမိသည်။ခါးနှင်း ကိုယ်လုံးမှ ဒဏ်ရာများသည်မှလည်း ဝေတနာခံစားရသေးသည်။ ဦးနှောက်သည် ကောင်းစွာအလုပ် မလုပ်နိုင်တော့ပေ။ ခေါင်းများမူးဝေလာတော့သည်။ မှိတ်ထားသော မျက်လုံးထဲတွင် ရောင်စုံများပေါ်ထွက်လာပြီး သူသည် တဖန်ပြန်လည် မေ့မြောသွားတော့သည်။
မောင်ကောင်းသန့်သည် ဤခရီးအားမသွားချင၊် မောင်မင်းလှ မောင်မြတ်သူတို့၏ တောင်းဆိုမှူကြောင့်သာ ထွက်လာခဲ့ရခြင်းဖြစ်သည်။ မောင်ကောင်းသန့်တို့ သူငယ်ချင်း သုံးယောက်သည် တက္ကသိုလ်တွင် စတင်ဆုံကြပြီး စိတ်တူကိုယ်တူ အပေါင်းသင်များဖြစ်ကြသည်။
https://theinsightfulpanda.files.wordpress.com/2014/01/screen-shot-2014-01-01-at-7-32-48-pm.png
Image source
မောင်ကောင်းသန့်၏ မိဘများသည် ရန်ကုန်တွင်နေကြပြီး အရောင်းအဝယ်လုပ်ငန်းဖြင့် တင့်တောင်းတင့်တယ် နေနိုင်ကြသူများဖြစ်ကြသည်။ မောင်မင်းလှ သည်တော့ ငယ်ငယ်ကလေးက မိဘများဆုံးသွားသဖြင့် အဒေါ်တစ်ယောက်၏ လက်အောက်တွင်းကြီးပြင်းလာခဲ့သူဖြစ်သည်။ ယခုတွင်မှူ တက္ကသိုလ် အောင်မြင်ပြီးဘွဲ့တစ်ခုရကာ သူငယ်ချင်းသုံးယောက်ဝါသနာပါရာကို လုပ်ကိုင်နေကြသည်။
မောင်မြတ်သူ မှာတော့ အဖေ သာရှိတော့ပြီး သူ၏ မိခင်သည် ၆တန်းနှစ်လောက်ကပင် ဆုံးပါးသွားကာ မိထွေးနှင့် သိပ်အဆင်မပြေချေ။
ယခုတွင်တော့ သူငယ်ချင်းသုံးယောက်ဝါသနာပါရာ အား လက်တွေ့အကောင်အထည်ဖော် လုပ်ကိုင်နေကြပေသည်။
ဆက်ရန်-----
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writting by phyozawoo
@phyozawooburmes
MSC-071