[IMAGE: https://cdn.steemitimages.com/DQmZex7QHdPAatbAT6LPZiShWkajm6KBpTj7nGhbszxnx6D/images.jpeg]
အံကိုကြိတ်၍ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။
ခံစားမှုအခိုးအငွေ့က မျက်ဝန်းသို့ ဆောင့်တက်၍ ဝတ်ရည်ဖွဲ့မှုကြောင့်
မြင်ကွင်းတို့ ဝေဝါးလာ၏။
ကိုပိန် စိတ်ကိုအရမ်းချုပ်တီးမထားနဲ့
ငိုချင်ငိုချလိုက်လေ ဒါမှရင်ထဲပေါ့သွားမှာဗျ´´
နှစ်သိမ့်စကားပြောရင်း
ပုခုံးကိုဖက်လာသော ဘိုကြည်၏
လက်ကို ခပ်ကြမ်းကြမ်းပုတ်ချလိုက်ပြီး
ကျွန်တော် အော်ချလိုက်သည်။ဝန်ကြီးများရုံထဲဝင်ပြီး ငိုရအောင်ကျုပ်က
အရူးလားဗျ´´
ကျွန်တော်အသံကြောင့် ဘေးနားကလူတွေလှည့်ကြည့်လာကြ၏။
ဘိုကြည်မှာ မျက်လုံးကြီးပြူး၍ကျွန်တော်ကိုပြန်ကြည်ပြီး
ဒါဆိုခင်ဗျားက ဘာဖြစ်လို့မျက်ရည်တွေဝဲနေတာတုန်း´´
ဒုန်း....
နီးစပ်ရာနံရံတစ်ခုကိုကျွန်တော် လက်သီးဖြင့်ပစ်ထိုချလိုက်သဖြင့် ဟန်ကိုကို ဇက်ကလေးပု၍ဖင်ပါကျုံ့သွားသည်။
ကျွန်တော်လည်း ဖင်ကိုလိမ်နိုင်သမျှလိမ်ရင်းဘိုကြည့်ဘေးနားသို့ကပ်၍
အံကြိတ်ပြီးနှစ်ကိုယ်ကြားပြောချလိုက်သည်ကျုပ်...ကျုပ်
ကျုပ်မျက်ရည်ဝဲတာ
အတွင်းခံဘောင်းဘီထဲမှာ ပုရွက်ဆိတ်
ဝင်ပြီး အညှာကိုကိုက်နေလို့ဗျ´´
တိန်....
MSU-025
Photo crd - google