သံသရာစက်ဝန်းကြီးထဲ
ရေစီးကြောင်းလေး ကိုယ့်ဖက်စီးဆင်းစေချင်စိတ်နဲ့
ဘောလုံးကို ကြုံးကန်ပစ်လိုက်တယ်…
ဘီလူးနက္ခတ်မှာမွေးတဲ့ မရဏဖွားငါ့ကို
အသားမည်းတဲ့ အာရှသားတွေက
ကလူကျီစယ် …
လေးနှစ်တစ်ကြိမ် စွေတဲ့မိုးတွေ
သွားလေရာခြေလှမ်းတိုင်း တရွှဲရွှဲ…
ဆိုဗီယက်တပ်နီတော်ကြီး ချီတက်သွားလိုက်တာ
မနက်စာတွေတောင် ကျိုးတိုးကျိုးတဲ …
သမိုင်းဝင်ပြာမှုံလေးတွေ
လေထဲပျံ့လွင့်သွားပုံက
ရက်ရက်စက်စက် ကဗျာဆန်နေလိုက်တာများလေ ။
MSU-025
Photo crd-google