+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

RULES OF COMBAT များအကြောင်း

BY: @smartdealear | CREATED: Oct. 3, 2021, 9:31 a.m. | VOTES: 13 | PAYOUT: $0.69 | [ VOTE ]

ဒီနေ့ကတော့ ပွဲတစ်ပွဲစီတိုင်းရဲ့ Rules တွေကို ပြောပြပေးချင်ပါတယ် ။ သူက Game ရဲ့ မူလစည်းကမ်းသတ်မှတ်ချက်များကို ပြောင်းလဲပေးနိုင်ပါတယ် ။ Level အနိမ့်ပိုင်းမှာ Rule တစ်ခုစီသာပါတတ်သော်လည်း level မြင့်လာသောအခါ နှစ်ခု အစရှိသဖြင့် တွဲပါလာတတ်ပါတယ် ။ တစ်ပွဲနှင့်တစ်ပွဲ မတူညီဘဲ မြဲပြောင်းလဲနေသော Rule များ ဖြစ်ပါသည် ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23tbLvbZGcEhNWVjnEoFk5G7mYfRQkBP8ULDXCFtGfAwsXgE2NZ8Nu3cusfbeUWBU6CV6.jpg]
[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23tbPAjPjR4dhojMXmMdKqXoGbw613HU5U28EQm85VwjJw3DaDC3vVA1zRCJYkf7ZzRhY.jpg]

ဘယ်လို သတ်မှတ်ချက်မျိုးလဲဆိုတာ သိနိုင်ဖို့အတွက် ထို rule နေရာကို Mouse မြားလေးနဲ့ ထောက်ပြီးဖတ်နိုင်သလို ဖုန်းနဲ့ဆိုလျှင် Rule နေရာမှ ပုံလေးကိုကြာကြာဖိထားပြီးဖတ်လို့ရပါတယ် ။ Rules တစ်ခုနဲ့ တစ်ခု ပုံစံလေးတွေ တူညီနေမှာမဟုတ်တာကြောင့် နောက်ဆိုလျှင် ထိုပုံလေးအားကြည့်ပြီး ဘယ်လိုဆိုတာ သဘောပေါက်ပါလိမ့်မည် ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23ycuYhahwD2ccQYfAwjJhTpUZibJ3xZCAtQF3bAFS4wqoVbrZzFNBBEAyDMBzRwfaKua.jpg]

ထို ပွဲတစ်ပွဲစီတိုင်းအတွက် Rules များကို နားလည်ထားခြင်းက အနိုင်ရရှိဖို့အတွက် အထောက်အကူဖြစ်မှာပါ ။ တစ်ခါတစ်လေ Rule ကို သတိမထား မကြည့်မိဘဲ ဆော့လိုက်သည်များကလဲ အများအပြားရှိကြပါသည် ။ ကိုယ်က ထို Rules ကို ကြည့်လိုက်ခြင်းဖြင့် Mage က အားသာတာလား Melee က ဘယ်နေရာကနေဖြစ်ဖြစ်တိုက်ခိုက်နိုင်တာလား Sneak ပါသော်လည်း Sneak Ability ကသုံးမရတာလားဆိုတာကို သိရှိစေနိုင်မှာဖြစ်ပါတယ် ။ ကဒ်ရွှေးချယ်တဲ့အခါ ထို Rule ကို အခြေခံပြီး အနိုင်ရနိုင်ခြေပိုများသည့်ကဒ်များကိုရွှေးချယ်နိုင်ပါလိမ့်မည် ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23uQiHSpaauNP46DKcjGee9eZoXjc51E4bF7CRjv9z9axBEBNdY2u6cW86ttE7VGqxziZ.jpg]

ဒီနေ့ကျွန်တော် ဆော့ရမည့် ငါးပွဲ Quest ကတော့ Snipe Quest ပါSnipe Ability ရှိတဲ့ ကဒ် တစ်ကဒ် အနည်းဆုံးပါဝင်ပြီး တိုက်ရမှာဘဲဖြစ်ပါတယ် ကျွန်တော် အသုံးဖြစ်ဆုံး Snipe ပါတဲ့အကောင်လေးတွေလဲ ပြထားပါတယ်နော်( စာရှည်အောင် ) ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23tSYPzJkBXmxX2Hs7MskdhdYwLB2FjMfeXhXmPyvncmxcNhRJ8h8wy1hbM1zSQ6ymzGx.jpg]

ဆော့တဲ့သူများလာလို့ဘဲလား Splinterlands ကဘဲပေးတားလျှော့ချင်လို့လားတော့မသိပါဘူး အရင်တုန်းက တစ်ခါမှ မရဖူးတဲ့ Credit 3 ခုဘဲပေးခဲ့ပါတယ် 3 DEC ဆိုလျှင်တောင် ဖြေသာပါသေးတယ် ခုတော့ Screen Shot တောင် မရိုက်နိုင်လိုက်ဖူး ။ ဒါပေမဲ့ ရတဲ့ဟာကိုယ့်ဟာပါဘဲလေ ။ သူလဲ များလာရင် ကဒ်တွေငှါးချင် ဝယ်ချင်ရင်ဝယ်လို့ရပါတယ် ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23tGTqihvrJ4T3iuWN6nkvfAvniHntbiQvBtiDAr4xQNMRs5RvstyFfeCzMK9SfwM5qNN.jpg]

TAGS: [ #proofofbrain ] [ #pob ] [ #myanmar ] [ #gaming ] [ #splinterlands ] [ #steemmonsters ] [ #spt ] [ #creativecoin ] [ #game ]

Replies

@kachinhenry | Oct. 3, 2021, 11:30 a.m. | Votes: 2 | [ VOTE ]

Game ထဲမှာ SPS free ရနည်း SPT freeရ နည်း လေးများ မပါဘူးလား... အစ်ကိုက Game မကစားတတ်တော့.... free ပဲလိုချင်နေတာရယ်.... 😀😁😋. !PIZZA

@pizzabot | Oct. 3, 2021, 11:31 a.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza
(12/20)

@smartdealear | Oct. 3, 2021, 11:36 a.m. | Votes: 1 | [ VOTE ]

DEC တို့ဘာတို့ GAME ထဲက COIN တွေ နဲ့ SPLINTERLANDS က တစ်ချို့ COIN တွေ ဝယ်ထားရင် SPS က FREE ရတယ်အကို SPS STEAK လုပ်ထားလဲ ရပေမဲ့ တစ်ရက် တစ်ရက် ရတာနည်းနည်းလာတယ် ။

@nyinyiwin | Oct. 3, 2021, 1:46 p.m. | Votes: 1 | [ VOTE ]

အကိုရေ gameနဲ့ free ရတဲ့နည်းက Dec များများဝယ်ပီး ထည့်ထားရင် SPS Airdrop မှာ ပိုပီး Claim ရနိုင်ပါတယ်ဗျ၊ ဥပမာ- Dec 100000 ထည့်ထားလျင် နေ့စဉ် SPS 70 လောက် ရနိုင်ပါတယ်ဗျ။!PIZZA

@smartdealear | Oct. 3, 2021, 4:01 p.m. | Votes: 1 | [ VOTE ]

Domelay မှာ dec value ၁၀၀၀၀၀ ကျော်ပါတယ် နေ့စဥ် က 15 dec လောက်ပဲ ရပါတယ် အကို 😁😁😁

@nyinyiwin | Oct. 3, 2021, 1:47 p.m. | Votes: 0 | [ VOTE ]

အေးဟ နည်းစနစ်တွေများများတင်ပေး လုပ်နိုင်တဲ့သူတွေ ပိုလုပ်နိုင်တာပေါ့ဟ!PIZZA

@pizzabot | Oct. 3, 2021, 1:48 p.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza
(5/10)

@myothuzar | Oct. 3, 2021, 6:35 p.m. | Votes: 1 | [ VOTE ]

ဆော့နည်းလေးတွေတင်ပေးတာ ကျေးဇူးပါ။ !PIZZA

@pizzabot | Oct. 3, 2021, 6:37 p.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @myothuzar.

Learn more about $PIZZA Token at hive.pizza
(4/10)

@smartdealear | Oct. 4, 2021, 9:34 a.m. | Votes: 1 | [ VOTE ]

ဟုတ် comment လေးတွေ ပေးတာလဲ ကျေးဇူးပါ ။

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>