___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

SPLINTERLANDS စဆော့မည့်သူများအတွက်

BY: @smartdealear | CREATED: Oct. 2, 2021, 7:51 a.m. | VOTES: 22 | PAYOUT: $1.26 | [ VOTE ]

မင်္ဂလာပါ ခု ကျွန်တော်ကတော့ ရှိသမျှ SPLINTERLANDS Monsters ကဒ်တွေ အကုန် ရောင်းစားပြီးပြီဆိုတော့ ခုမှစ အသစ်ဆော့နေရသလိုပါဘဲ ။ ခုအချိန် အသစ်စဆော့ကြတဲ့သူတွေလဲ များလာကြတဲ့ အချိန်ဖြစ်ပြီး ဆော့ရတာ ခက်ခဲနေပါလိမ့်မည် ။ ယခင်ကထက်ခက်ခဲသည်မှာ မှန်သော်လည်း များစွာခက်ခဲလွန်းလှသည်တော့ မဟုတ်ပါ ။ အချို့မှာ အလွန်ခက်ခဲသည်ထင်ကာ လက်လျှော့သွားမည် စိုးသောကြောင့် SPLINTERLANDS နှင့် ပတ်သက်သည့်အရာများကို နည်းနည်းချင်း ပြောပြပေးချင်ပါသည် ။ ပြောပြပေးမည် ဖြစ်သော်လည်း ကျွန်တော်ကိုယ်တိုင်မှာလည်း Pro Player မဟုတ်သည့် အပြင် ရှိသမျှ အကုန်ကို MMK 2,000,000 ကျော်လောက်နဲ့ရောင်းစားပြီး ယခုမှ ပြန်စဆော့နေရသော လူသစ်သဖွယ်ဖြစ်တာကြောင့် အတူတူ အားမလျှော့ဘဲ ခုကစ ဆော့ ကြရအောင် ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23ywgN5iHaZ8fWsmDcb2AAeuVmPFExUCMb89FUsPw7Dw4U6hfJajrJhhVsFV4j8qVsRa9.jpg]

Hive Posting Key နဲ့ splinterlands သို့ ဝင်ရောက်ပြီး Spell book ဝယ်ပြီး စတင်ရသည်ကိုတော့ Hive မှဆရာများအတွက် အထူးပြောပြစရာ လိုမည်မထင်ပါ ။ ထို့နောက် နေ့စည် Quest လေးတွေပေးထားတာရှိပါသည် ။ ဒီနေ့ ကျွန်တော့ Quest ကတော့ Sneak Queat ပါ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23tbMLFRZXiW2m9TCyyXRGC7nHHqbpZmcrknWbamFaUbssg19TNd5D78Y35DeNQSkwLoZ.jpg]

တစ်နေ့မှာ Quest တစ်ခု ပြီးဖို့ရန်အတွက် ငါးပွဲတော့ အနည်းဆုံးနိုင်အောင်ဆော့ပေးရပါမည် ။ အကယ်၍ Natural Quest ဖြစ်မယ်ဆိုလျှင်တော့ သုံးပွဲနိုင်ရုံဖြင့်ရပါမည် ။ Water Quest ဆိုလျှင် water summoners / Fire Quest ဆိုလျှင် Fire Summoners အစရှိသည်ကတော့ ရှင်းပါသည် နောက်များမှာ Summoners များအကြောင်း ပြန်တင်ပေးပါမည်(ရေးစရာ ရတာပေါ့ ) ။ ယခု ကျွန်တော်က Sneak Queat ဆိုတော့ Sneak abilities ရှိတဲ့ Monster အနည်းဆုံးတစ်ကောင်ပါဝင်ပြီး နိုင်အောင်ဆော့ပေးရပါမည် ။သူက Melee ဖြစ်နေလျှင်တောင် အနောက်ကနေပြီးတိုက်ခိုက်နိုင်ပါသည် ။ Enermy Monsters ကို ရှေ့ဆုံးကကောင်ထက် နောက်ကကောင်ကို တိုက်ပါတယ် တစ်ကယ်လို့ သူက ရှေ့ဆုံးမဟုတ်ရင်ပေါ့ ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/48RNhFiDrA5rJmMyTm8yXBKgXyVcPkZ9EDvmRjQPV4kwhZ4pEfuz6btS9pd7oTMFAw.jpg]

ခု Sneak တစ်ကောင်နဲ့ ဥပမာပြထားပါတယ် video တော့မယူထားလိုက်ပါဘူး ကျွန်တော့အတွက် ခက်လို့ပါ ။ တစ်ရက်ကို Quest တစ်ခု ပြီးလျှင် ဆော့စအကောင့်များ အနေဖြင့် Loot chest တစ်ခုရပါတယ် ။

[IMAGE: https://files.peakd.com/file/peakd-hive/smartdealear/23xA2KPjLPuz1UGWkdfsrBjeaXwcaZa2Tx2wBFZTDcmUG969SDui5rbcENrpXrxLHK7o5.jpg]

ကျှန်တော်တော့ ဒီနေ့အဆင်မပြေလိုက်ဖူး ။ နောက်နေ့အဆင်ပြေမှာပါ ။ ကိုယ်ကခုမှ တစ်ခုရတယ်ဆိုပေမဲ့ စိတ်မပျက်ပါနဲ့နော် တစ်ရက် ကို ငါးပွဲလောက်တော့ နိုင်အောင်ဆော့သင့်ပါတယ် ။ နောက်နေ့တွေမှာ ထပ်ပြီး Splinterlands game အကြောင်းလေးတွေ တင်ပေးပါဦးမယ် ။ သိချင်တာလေးတွေ ရှိလျှင်လဲ comment မှာမေးခဲ့ကြလို့ရပါတယ် သိသလောက်ကတော့ ပြောပြပေးပါမယ် ။ အဖိုးတန်ကဒ်များအပြင် DEC တွေ SPS တွေနဲ့ အခြားအရာများစွာကိုပိုင်ဆိုင်နိုင်ကြပါစေ ။

TAGS: [ #proofofbrain ] [ #pob ] [ #myanmar ] [ #gaming ] [ #splinterlands ] [ #steemmonsters ] [ #spt ] [ #creativecoin ] [ #game ]

Replies

@myothuzar | Oct. 2, 2021, 8:29 a.m. | Votes: 1 | [ VOTE ]

ခုမှ ဒီဂိမ်းကစားတာဆိုတော့ လေ့လာနေ့တာ။ဒီစာလေးကြောင့်နည်းနည်းတော့ ပိုနားလည်လာပြီ။ကျေးဇူးပါ။ !PIZZA

@pizzabot | Oct. 2, 2021, 8:30 a.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @myothuzar.

Learn more about $PIZZA Token at hive.pizza
(1/10)

@smartdealear | Oct. 2, 2021, 1:19 p.m. | Votes: 1 | [ VOTE ]

ဟုတ် ခုချိန်မှာ ရတဲ့ကဒ် တွေကလဲ နောင်တစ်ချိန်မှာ စျေးကြီးလာမှာပါ ခုစျေးကြီးနေတဲ့ အရင်တုန်းကရတဲ့ ကဒ်တဲ့တွေကလဲ 0.2 0.3 လောက်ပဲရှိခဲ့တာ ခုက sps အတွက်ရောဆိုတော့ ပိုအားရှိရတာပေါ့ 😊😊😊

@tin.aung.soe | Oct. 2, 2021, 10:19 a.m. | Votes: 1 | [ VOTE ]

ဘယ်သူလဲ မှတ်တယ် ကိုကိုဖြိုးသန့်ဇင် လေးကိုး
သိန်း ၂၀ ကြီးများတောင် ရခဲ့တယ် အားရစရာပါကွယ်။
!PIZZA

@pizzabot | Oct. 2, 2021, 10:20 a.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza
(7/10)

@smartdealear | Oct. 2, 2021, 1:21 p.m. | Votes: 1 | [ VOTE ]

😁😁😁 ဟုတ် ဒီအ ကောင့်က အကောင်ကုန်ဘဲ 😜😜 ဟိုးတုန်းက steemit တုန်းက တစ်ထောင်နဲ့ အပျင်းပြေတမင်ဝယ်လိုက်တဲ့ အကောင့်လေး 😁😁😁

@nyinyiwin | Oct. 2, 2021, 2:21 p.m. | Votes: 0 | [ VOTE ]

ဒါများကွာ ငါ့မပြောဘူး အကောင့်ပို ၂ ခုရှိတယ် ဆော့ပေး 😁😁😁 !PIZZA

@pizzabot | Oct. 2, 2021, 2:22 p.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza
(6/10)

@kachinhenry | Oct. 2, 2021, 11:41 a.m. | Votes: 1 | [ VOTE ]

ရေးပါဟ အခုလို.... အဲဒီ ဂိမ်းအကြောင်း သိချင်နေသူ အများသားရယ်... !PIZZA

@pizzabot | Oct. 2, 2021, 11:42 a.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza
(10/20)

@smartdealear | Oct. 2, 2021, 1:22 p.m. | Votes: 1 | [ VOTE ]

ဟုတ်ကိုဟင် လူတိုင်း pizza နေကြတာ ကျွန်တော်ဘဲ ခေတ်မမီသလို😁😁😁

@nyinyiwin | Oct. 2, 2021, 2:19 p.m. | Votes: 1 | [ VOTE ]

အားပါး အရင်ရောင်းစားထားတာ သိန်း၂၀ ကျော်ဆိုပါလား မဆော့ပဲ ပြစ်ထားမိတာ နှမြောလိုက်တာ။

@smartdealear | Oct. 2, 2021, 11:39 p.m. | Votes: 1 | [ VOTE ]

😁😁😁 သိဘူးရောင်းစားမယ် ခုတောင်စျေးတွေဆက်တက်နေတာ အရင်ကကျ ဘာထပ်ရောင်းရမလဲပ 😜😜😜

@nyinyiwin | Oct. 3, 2021, 1:34 p.m. | Votes: 0 | [ VOTE ]

အေးပါကွာ ငါ့လဲ ရောင်းစားနည်းလေး သင်ပေးပါအုန်းဟ!PIZZA

@pizzabot | Oct. 3, 2021, 1:35 p.m. | Votes: 0 | [ VOTE ]

@smartdealear! I sent you a slice of $PIZZA on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza
(1/10)

@myanmarkoko | Oct. 4, 2021, 9:32 a.m. | Votes: 0 | [ VOTE ]

!PIZZA ကွီးဒိုမီကိုး။ ဘယ်သူများလဲလို့။
နောက်ပိုင်းတွေမျော်နေမယ်နော်။

@pizzabot | Oct. 4, 2021, 9:34 a.m. | Votes: 0 | [ VOTE ]

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin(0/10) tipped smartdealear (x2)
@myanmarkoko(1/10) tipped @smartdealear (x1)
kachinhenry(0/20) tipped smartdealear (x1)
myothuzar(0/10) tipped smartdealear (x1)
tin.aung.soe(8/10) tipped smartdealear (x1)
Learn more at https://hive.pizza.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>