___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

လူတစ်ယောက်

BY: @smileking | CREATED: July 11, 2018, 10:09 a.m. | VOTES: 71 | PAYOUT: $1.62 | [ VOTE ]

ဒီတစ်ပတ်promotion လေးကိုတော့ဘာလေးရေးရင်ကောင်းမလဲပေါ့။
   တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆင်းရဲသားလေးတစ်ယောက်ရှိတယ်။ဆင်းရဲလွန်းလို့ တစ်နေ့တစ်နေ့ဝမ်းရေးအတွက်ပဲရုန်းကုန်နေရပါတယ်။ဒီလိုနဲ့တစ်နေ့တော့သူကစဉ်းစားလေတယ်။ငါဒီလိုပဲနေနေရင် ငါဖျားနာတဲ့အခါဆေးကုသဖို့စရိပ်လဲမရှိဘူး။ငါဘာလုပ်ကမလဲလို့အိပ်ခါနီးစဉ်းစားလေတယ်။အဲ့လိုနဲ့ထိုရွာလေးကိုပညာရှိအဖိုးအိုတစ်ယောက်ရောက်လာခဲ့တယ်။ဆင်းရဲသားလေးဟာအဖိုးအိုကို သွားပြီး သူ့အကြောင့်ကုန်စုံလင်စွာရှင်းပြလေတယ်။အဲ့လိုနဲ့ပညာရှိအဖိုးအိုက မြေပုံလေးတစ်ခုနဲ့ လမ်းမှာစားဖို့အတွက်အစားအစာတစ်ချို့ပေးလိုက်တယ်။ ပညာရှိအဖိုးအိုကလဲ မှာလိုက်လေတယ်။သင် ထိုသို့သွားလျှင် သင်မလွဲဧကန်ချမ်းသာလိမ့်မည်။ဒါပင်မဲ့ ထိုလမ်းသို့သွားရင် လမ်းမှာအခက်အခဲတွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့မှာလိုက်လေတယ်။
ဆင်းရဲသားလေးကလဲချမ်းသာချင်တဲ့စိတ်ကြောင့် ထိုလမ်းသို့သွားမည်ဟု ပညာရှိအဖိုးအိုအားပြောလိုက်သည်။ ထိုသို့သွားနေလိုက်ရာ အရပ်တစ်ခုသို့ရောက်သောအခါ အိမ်နစ်လုံးကိုတွေ့လေတယ်။ထိုအိမ်နစ်လုံးသည် အပြင်ပန်းပုံစံတွေတူပင်မဲ့ အိမ်ထဲတွင် စီစဉ်ထားသောအရာချင်းမတူညီပေ။ နောက်တစ်လမ်းသို့သွားရန် ထိုအိမ်နစ်လုံးတည်းက တစ်လုံးကိုဖြတ်သွားရမည်။ဆင်းရဲသားလေးကစဉ်းစားလိုက်တယ် တစ်အိမ်က ကာလာတွေပြည့်နေတယ် အမြင်လဲကြည်တယ်။နောက်တစ်အိမ်ကျတော့ အဖြူတစ်ရောင်တည်းသာချယ်မှုန်းထားတယ်။ငါဒီနစ်လမ်းတည်းကတစ်လမ်းတော့သွားရမှာပါလား။အဲ့လိုနဲ့ဆင်းရဲသားလေးက ပညာရှိအဖိုးအို၏စကားအားပြန်လည်နားယောင်လာတယ်။ အခက်အခဲတွေများစွာရှိတယ်တဲ့ အဲ့တော့ အဖြူရောင်ဆိုတာ ဖြူစင်မှုကိုဦးစားပေးတဲ့အရာပေ။ ဒါကြောင့်ထိုအိမ်ကသွားမည်ဟုဆုံးဖြတ်လိုက်သည်။
ထိုနည်းတူပင် လူ့လောက၌လည်း လူတစ်ယောက်စာဆင်းရဲသားလေးနဲ့ပုံစံတူပဲလို့ဆိုပါစို့။လူတွေဟာမွေးလာလို့ရှိရင် ထိုအိမ်နစ်အိမ်နဲ့ ရင်ဆိုင်နေရမှာပါပဲ။အဖြူရောင်ရှိတဲ့အိမ်ကတော့ သာယာလှပတဲ့ ပညာတွေ အသိပညာတွေနဲ့ပြည့်စုံနေတဲ့ရပ်ကွက်လေးပါ။ အရောင်တွေစုံနေတဲ့အိမ်လေးကတော့ မကောင်းမှုတွေ စိတ်ထားအမျိုးမျိုးတွေအကျင့်အမျိုးမျိုးတွေနဲ့ရှိနေတဲ့ရပ်ကွက်လေးပါ။ ထိုအိမ်လေးနစ်အိမ်ကလေးထွက်လာမဲ့သူတွေကတော့ လူလူချင်းတူပင်မဲ့ အကျင့်တွေ စိတ်နေစိတိထားတွေ စကားပြောတာတွေအပြင် အရာအားလုံးလိုပင် မတူညီတာတွေတွေ့ရမှာပါ။
ဆက်ရန်
[IMAGE: https://img.esteem.ws/7e45m6wi4x.jpg]
@smileking
msc255

TAGS: [ #myanmar ] [ #esteem ] [ #promotion ] [ #upvote ] [ #thinking ]

Replies

@aunggyi100 | July 11, 2018, 10:15 a.m. | Votes: 0 | [ VOTE ]

လူချင်းတူ​ပေမည့်​ စိတ်​ဓာတ်​​တွေမတူဘူး​လေ

@smileking | July 11, 2018, 11:54 a.m. | Votes: 0 | [ VOTE ]

ဒါပေါ့ဗျာ

@htwegyi | July 11, 2018, 10:49 a.m. | Votes: 0 | [ VOTE ]

အိမ်ချင်းတူပေသိ အရောင်ကွဲတဲ့သဘော

@smileking | July 11, 2018, 11:54 a.m. | Votes: 0 | [ VOTE ]

ဟုတယ်ဗျာ

@suhlaing | July 11, 2018, 1:53 p.m. | Votes: 0 | [ VOTE ]

ပုံပြင်လေးတွေ ဖတ်ရပြန်ပေါ့

@smileking | July 12, 2018, 12:29 a.m. | Votes: 0 | [ VOTE ]

ဟု

@kyawthuyein | July 11, 2018, 1:59 p.m. | Votes: 0 | [ VOTE ]

တွေးစရာပါကော

@smileking | July 12, 2018, 12:30 a.m. | Votes: 0 | [ VOTE ]

ဒါပေါ့ဒါပေါ့

@gunapeya | July 11, 2018, 2:31 p.m. | Votes: 0 | [ VOTE ]

လူချင်းတူပေမဲ့ ကုသိုလ်ကံအကျိုးပေးခြင်း မတူညီကြဘူးလေ

@smileking | July 12, 2018, 12:30 a.m. | Votes: 0 | [ VOTE ]

ဟုတ်တယ်ဘုန်းဘုန်း

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>