__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Liar

BY: @soppyman | CREATED: Feb. 4, 2018, 8:31 a.m. | VOTES: 4 | PAYOUT: $0.00 | [ VOTE ]

လိမ်ညာခြင်း
[IMAGE: https://img.esteem.ws/hr06y67gua.jpg]
အခုခေတ် လူတိုင်းနီးပါးဟာ ကိုယ့်ရဲ့ အမှတ်တရလေးတွေကို မှတ်တမ်းတင်ထားကြလေ့ရှိတယ်။ တချို့က စာလုံးတွေနဲ့
မှတ်တမ်းတင်လေ့ရှိပြီး တချို့ကတော့ ပုံရိပ်တွေနဲ့ မှတ်တမ်းတင်လေ့ရှိတယ် ။ စာလုံးတွေထက် ပုံရိပ်က ပိုပြီး တိကျလေး
နက်မှု့ ရှိတာကြောင့် ခိုင်မာတဲ့ မှတ်တမ်းများအဖြစ် အမှတ်
တရ သိမ်းဆည်းလာကြတယ် ။ အခုနောက်ပိုင်း လူသားတွေက စကားလုံးတွေ သုံးတာထက် ပိုပြီးတော့ ပုံရိပ်တွေကို မှတ်တမ်းထားကြလေ့ရှိတယ်။ ကိုယ်ရောက်ဖူးတဲ့ နေရာတွေ ။
ကိုယ်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေ ခရီးထွက်ခြင်း စတာတွေပေါ့ ။ ကိုယ့်ရဲ့ အတူတကွရှိခဲ့သူတွေ နဲ့ ကိုယ်ရဲ့ ဘဝဖြတ်သန်းမှု့ သွင်ပြင်ပြုပြင်ပြောင်းလဲမှုတွေကို မှတ်တမ်းတင်ထားကြလေ့ရှိတယ်။ အဲလို မှတ်တမ်းတင်ဖို့အတွက် စကားလုံးတွေထက်
ပုံရိပ်တွေက ပိုပြီးထိရောက်တဲ့အတွက် ကိုယ့်ရဲ့ အမှတ်တရ
တွေကို ပုံဖော်ဖို့ ကင်မရာတွေကို သုံးစွဲတတ်ကြတယ်လေ။
ကင်မရာဆိုတာကလည်း ဘယ်လိုလုပ် အမြဲတမ်းပါနိုင်မှာလဲ
လေ။ အရင်ခေတ်တွေကတော့ အမှတ်တရတစ်ခုအတွက်
ကင်မရာတလုံးကို တခုတ်တရသယ်ရတယ်။ ရိုက်ရတယ်။
ဓာတ်ပုံကူးရတယ်။ ပြီးတော့ ပြချင်တဲ့သူကို စာအုပ်လိုက်ကြီး ထုတ်ပြရတယ်။ ဒီဘက်ခေတ်မှာကြတော့ အိုင်တီခေတ်ဆို
တော့ Social Media ပေါ်မှာ ကိုယ်ရိုက်ထားတဲ့ပုံကို ပြချင်တဲ့သူတွေ မြင်ဖို့ ဓာတ်ပုံ တင်လိုက်ရုံပဲလေ သိပ်လွယ်သွားပြီး။
အဲလိုတင်ဖို့ မိုဘိုင်းဖုန်းတစ်လုံးတော့ လိုအပ်တာပေါ့။
မိုဘိုင်းဖုန်းဆိုရင်လည်း ကင်မရာကွာလတီမကောင်းတဲ့ ဖုန်းဆို ကိုယ်မှတ်တမ်းတင်ချင်တာကို လှလှပပလေးမဖြစ်တော့ဘူး
ပေါ့။ ဒါကြောင့် နောက်ပိုင်းထွက်တဲ့ ဖုန်းတွေမှာ ကင်မရာ
ကောင်းအောင် ဦးစားပေး ပြင်ဆင်လာကြတာကို
တွေ့နေရပါတယ်။
ခေတ်ရဲ့ လိုအပ်ချက်ပဲ ဆိုဆို ခေတ်ရဲ့ တောင်းဆိုချက်ပဲ
ဖြစ်ဖြစ် နည်းပညာတွေကတော့ တဆင့်ပြီး တဆင့် မြင့်တက်လာနေဦးမှာပါပဲ ။
ITခေတ်မှာ လူတိုင်းဟာ လျင်မြန်သော သတင်းပေးပို့မှု့
သတင်းဖြန့်ဝေမှု့ တိုးတက်မြင့်မားလာသောကြောင့်
ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ် ဘယ်သူတွေ ဘာတွေ
လုပ်နေတယ်ဆိုတာ အမြဲတမ်း သိရှိနိုင်ပါတယ် ။ လိမ်ညာပြီး
အတုပြုလုပ်ချက်တွေဟာလဲ နည်းပညာတိုးတက်လာမှု့
ကြောင့် ကြာကြာ ဖုံးကွယ်ထားလို့မရပါဘူး ။

[IMAGE: https://img.esteem.ws/bfwk9xb9vj.jpg]
Write by @soppyman
Photo by Google

TAGS: [ #write ] [ #essay ] [ #good-karma ] [ #life ] [ #feel ]

Replies

@myintaungnaing | Feb. 4, 2018, 8:35 a.m. | Votes: 2 | [ VOTE ]

good writing !

@soppyman | Feb. 4, 2018, 8:40 a.m. | Votes: 1 | [ VOTE ]

Thank you!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>