___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

ဒစ်ဂျစ်တယ်စပိုင်များ

BY: @suhtetaung | CREATED: Sept. 25, 2018, 6:46 a.m. | VOTES: 65 | PAYOUT: $0.34 | [ VOTE ]

အော် ခေတ်ကြီးက တိုးတက်ပြောင်းလဲလာသည်နှင့်အမျှပါပဲ နည်းပညာတွေဟာ လူတွေကို တစ်ရက်ထက် တစ်ရက် လွှမ်းမိုးချုပ်ကိုင်နေကြပါတယ်။မသိမသာတစ်မျိုး သိသိသာသာတစ်ဖုံ နေ့စဉ်ဘ၀တွေမှာလည်း နည်းပညာအားဖြင့် စွက်ဖက်ခံနေကြရပါတယ်။

ခေတ်စနစ်အရကိုက ဆိုရှယ်နက်ဝက် ခေတ်ဖြစ်လာနေတော့ လူတိုင်းနီးပါးဟာ ဆိုရှယ်နက်ဝက်တွေနဲ့ အသားတကျကိုဖြစ်နေပါပြီ။ ဒါဟာ စီးပွားရေးလောကသမား တွေအတွက် ဈေးကွက်ပုံစံ ပြောင်းလဲလာတာပါပဲ။ အရင်တုန်းက ကိုယ့်ရဲ့ ကုန်ပစ္စည်းကို TV လို ၊ ရေဒီယိုလို Broadcasting လွှင့်တဲ့ ဆီတွေမှာ ကြော်ငြာမယ်..၊ Prints တွေမှာ ကြေငြာမယ် ဆိုရင်ကို လုံလောက်နေပါပြီ။ ခုတော့ Facebook မှာကြေငြာမှ ကြေငြာတာတောင် Influencer တစ်ယောက်ယောက်ကနေ တစ်ဆင့် ကြေငြာမယ်ဆိုရင် ပိုပြီးတော့ အောင်မြင် ၊ လူသိများတဲ့ခေတ်ဖြစ်နေပါပြီ ။ ဒါကြောင့်လည်း ဖေ့စ်ဘွတ်ဟာ လူတွေရဲ့ အကြိုက် ၊ စိတ်ဝင်စားမှုတွေကို တစ်ရက်ထက် တစ်ရက်ပိုပိုသိလာအောင် နည်းပညာကို သုံးပြီး လုပ်လာတာဟာ တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလောက်အောင်ပါပဲ။

AI လို့ခေါ်တဲ့ Artificial Intelligence နည်းပညာဟာ ဒီဘက်ခေတ်မှာ ပိုပြီး ကျယ်ကျယ်လောင်လောင်ကို ကြားနေရတဲ့ စကားတစ်ခု ဖြစ်လာပါတယ်။ လူက ပြုလုပ်ထားတဲ့ ဥာဏ်ရည်တု ဟာ လူတွေရဲ့ ကိစ္စ ၀ိစ္စတွေကို စပ်စုဖို့အတွက် အကောင်းဆုံးနည်းပညာ ဖြစ်နေပါပြီ ။ Mark Zuckerberg ဟာ facebook မှ user တွေရဲ့ personal data တွေ ခိုးယူသိမ်းဆည်းထားမှု ၊ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေ စုဆောင်းခိုးယူမှု နဲ့ ခုံရုံးဖွဲ့စစ်ဆေးခံထားရတာလည်း အားလုံးအသိပါပဲ။ ဒါကိုပဲ ကျွန်မတို့ နေ့စဉ်ဘ၀မှာ အချက်အလက်တွေကို နည်းမျိုးစုံနဲ့ စုဆောင်းခံနေကြရဆဲပါ။

https://media.giphy.com/media/7tZgse32e1RbG/giphy.gif

ဘာဖြစ်လို့ ဒီလို ပြောရတာလဲဆိုရင် မကြာခဏ ဆိုသလို ကိုယ် google မှာ ရှာသမျှ အကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ ကြော်ငြာ တွေဖေ့စ်ဘွတ်မှာ တက်တက်လာတာ ကြုံရပါတယ်။ ကဲ ထားပါတော့ ဒါက ကိုယ့် browser ကနေမှ တဆင့် cookies တွေကို scripts နဲ့ filter ဖြင့်စစ်ယူတယ်ပဲ ဆိုဆို ဘယ်လိုပဲ ဆိုဆိုပါ လက်ခံနိုင်ပါသေးတယ်။ နောက်ထပ် ပိုပြီး စိတ်အနှောက်အယှက် ဖြစ်စေတာကလေ... ဟိုတစ်နေ့က အဖြစ်ကိုပဲ ဥပမာပေးရရင် .. ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မေမြို့မှာ ဈေးသွားဝယ်တယ်။ ဈေးသွားတဲ့ လွယ်အိတ်ထဲမှာပဲ ဖုန်းကို အင်တာနက် လုံးဝမဖွင့်ပဲ ထည့်ထားခဲ့တယ်။ အဲ့ဒီ့နေ့က အမျိုးသားအတွက် အနွေးဖိနပ်လေး လိုက်ရှာဝယ်ခဲ့တာ။ ထုံးစံအတိုင်း မေမြို့ရောက်နေရင် အင်တာနက်က မသုံးဖြစ်တာကြောင့် တနင်္ဂနွေနေ့ကလည်း အင်တာနက် မဖွင့်ဖြစ်လိုက်ဘူး ။ တနင်္လာနေ့ ရုံးတက်တော့ ရုံးက ကွန်ပျူတာနဲ့ ဖေ့စ်ဘွတ်လေး ဖွင့်တယ်ပေါ့။ အဲ့မှာတင် ကိုယ့် timeline ဘေးမှာ အနွေးဖိနပ်ရောင်းတဲ့ ကြော်ငြာပေ့ခ်ျကြီးက ပြူးပြူးကြီး ပေါ်နေတာ တွေ့လိုက်ရတာပါပဲ။

https://media.giphy.com/media/K2YTfFpsFYvaE/giphy.gif

အဲ့ဒါကို ဘယ်လိုခံစားလိုက်ရ သလဲဆိုတော့ ကိုယ့်ကို စောင့်ကြည့်နေတဲ့ ဖုန်းလေးကို ကိုယ်နဲ့မကွာ လိုလိုချင်ချင်သယ်သွားနေတဲ့ အကျယ်ချုပ်ကြခံ အကျဉ်းသားတစ်ယောက်လိုပဲ ခံစားမိလိုက်တယ်။ အဲ့ဒီ့ ဖီလင်ကြီးက တကယ်ကို အီလည်လည်ကြီးပါ။ ကြောက်သလားဆိုတော့လည်း ကြောက်စရာမဟုတ်ပေမယ့် စိတ်အနှောက်အယှက်တော့ တော်တော်ဖြစ်မိပါတယ်။Privacy မရှိတော့သလိုပါပဲ။ ကိုယ့်မှာလည်း ဘာမှ လျှို့ဝှက်ထားရမယ့် ဒေတာအချက်အလက် မရှိတာမို့ Facebook ကို phone မှာ install လုပ်ကတည်းက ဘာမှသိပ်ပြီး ကန့်သတ်မနေတာလည်းပါတယ်။ အဲ့ဒါကြောင့် Audio access တွေရော ၊ camera access တွေရော ၊ sms နဲ့ contacts တွေပါမကျန် အကုန် Permission ဖွင့်ပေးထားမိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတော့တယ်။ ယူတို့ ခေတ်ပါပဲ ဇူကာဘတ်ရယ် လို့ ။

[IMAGE: https://cdn.steemitimages.com/DQmS4dCqBrytZN8K5mfzm5SdiP4bmQPaDXoBQLN5FpZMAJn/facebook.jpg]
src

ဆိုရှယ်နက်ဝက်တွေ ပေါ်လာကတည်းက ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ခွင်ပေါ်တင်ကြည့်ရင် ဆိုးကျိုး တွေပိုများမယ်လို့ ထင်တာပဲ။ အမုန်းစကားတွေလည်း လွယ်လွယ်ကူကူပြောနိုင်လာကြသလို ၊ ချစ်သူချင်း အိမ်ထောင်ဘက်ချင်းလည်း အလွယ်တကူ သစ္စာဖောက်လာနိုင်တယ်။ နောက်ပြီး လိုအပ်တာရော မလိုအပ်တာပါ အွန်လိုင်းကနေ အလွယ်တကူ ၀ယ်လို့ ရနေနိုင်တော့ သေသေချာချာ ဝေဖန်ပိုင်းခြားနိုင်စွမ်း နည်းသေးတဲ့ လူတွေအတွက် ၀င်ငွေနဲ့ ထွက်ငွေ မလောက်မငှ တွေဖြစ်ရလောက်အောင် ကို ငွေအထွက်ကြမ်းအောင် ဖန်တီးနေတာဟာလည်း ဒီ ဆိုရှယ်နက်ဝက်တွေပါပဲ။ ကျန်းမာရေးအရကြည့်ရင်လည်း အချိန်တော်တော်များများဟာ လက်ချောင်းလေးတွေနဲ့ အပေါ်ကိုပွတ်လိုက် ၊ အောက်ကို ဆွဲချလိုက်နဲ့ မျက်လုံးနဲ့ လက်ချောင်းပဲ လှုပ်ရှားမှုရှိတော့တာမို့ ကိုယ်လက် လှုပ်ရှားချိန်ဆိုတာ အတော်လေး နည်းပါးသွားစေပါတယ်။ လူမှုဆက်ဆံရေးအရလည်း ကိုယ့်မှာ လိုင်းပေါ်က မိတ်ဆွေ ရာနဲ့ထောင်နဲ့ချီပြီးတော့ ရှိပေမယ့်လည်း ၊ ကိုယ့်ဘေးက ကိုယ့်မိသားစု အသိုင်းအ၀ိုင်းအတွက် အချိန်တွေနည်းပါးလာတာမို့ အရင်လို စကားလက်ဆုံကြရတဲ့ အရသာဆိုတာ မရှိတော့သလောက်ပါပဲ။

https://media.giphy.com/media/atZII8NmbPGw0/giphy.gif

ဒီလိုတွေပြောလို့ မကောင်းတဲ့အချက်တွေချည်းပဲ ရှိတာမှမဟုတ်တာလို့ စောဒက တက်ချင်ကြပါလိမ့်မယ်။ ဟုတ်ကဲ့ ကောင်းတဲ့အချက်တွေလည်း အများကြီးဖြစ်ပေမယ့် အဲ့ဒီ့ကောင်းတဲ့အချက်တွေကို ယူတတ်တဲ့သူ ၊ အသိဥာဏ် ရင့်သန်တဲ့သူတွေက လူနည်းစုဖြစ်နေတာပါပဲ။ ဒါကြောင့် Apple ထုတ်ကုန် များရဲ့ ဖခင်ကြီးဖြစ်တဲ့ စတိဖ်ဂျော့ ဟာ သူ့ရင်သွေးတွေကို ဆိုရှယ်နက်ဝက် အသုံးပြုခြင်းကို ခွင့်မပြုထားတာနေမှာပါပဲ။

https://media.giphy.com/media/xT39DbhqgE8O3x4k6I/giphy.gif

ဒီအချက်တွေကြောင့် ကိုယ်လည်း electronic devices တွေနဲ့ ဝေးလေကောင်းလေ နေချင်စိတ်ဟာ တဖြည်းဖြည်း များပြား ကြီးထွားလာတယ်။ ကိုယ့်ဖာသာကိုယ် တောထဲအေးရာအေးကြောင်း ၊ အပင်လေးစိုက်လိုက် ၊ စာလေးဖတ်လိုက် နဲ့ နေချင်ပါတယ်။ ကြာလာတော့ လူလုပ်နည်းပညာ အသစ်အဆန်းတွေထက် သဘာဝတရားရဲ့ ဆန်းကြယ်မှုတွေကို ပိုမြတ်နိုးလာတယ် ။ ပိုသိချင်လာတယ်။ တစ်ရက်နဲ့ တစ်ရက် မတူညီတဲ့ တိုးတက်လာတဲ့ ဖုန်းတွေရဲ့ model တွေထက် တဖြည်းဖြည်းချင်း ပြောင်းလဲလာတဲ့ အပင်တွေ ဗီဇပေါင်းစပ်ပုံများနဲ့ ဇီဝမျိုးစိတ်အသစ်တွေ အကြောင်းကိုပဲ ပိုစိတ်ဝင်စားလာတယ်။

[IMAGE: https://cdn.steemitimages.com/DQmZ5CiA6CuuPmQdgbTpYZYJHR4onAsa3uR2SWCyx5kKoYr/IMG_20180924_124707_HDR.jpg]
Fig: ရုံးနားက အပင်လေး လှလိုက်တာနော်...

ကိုယ်ဟာ အိုင်တီသမား တစ်ယောက်အနေနဲ့ ဘ၀ရပ်တည်နေပေမယ့်လည်း ကိုယ့်ရဲ့ idol person တွေဟာ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းနေတဲ့ ပညာရှင်တွေ ၊ အပင်မျိုးစိတ်တွေကို လိုက်လံရှာဖွေ သုသေသနပြုနေတဲ့ ပညာရှင်တွေ ၊ မိုးလေ၀သ ပညာရှင်တွေ ဖြစ်နေတယ်။ ဒါကိုပဲ တဖြည်းဖြည်းချင်း ကိုယ့်ရဲ့ passionate ဖြစ်တဲ့ လမ်းကြောင်းကို ကိုယ်ရှာတွေ့လာတယ်လို့ ထင်မိပါတယ်။ လောလောဆယ်တော့ ကိုယ်ဟာ ဒစ်ဂျစ်တယ်လူသား တစ်ယောက် ဖြစ်နေပေမယ့် ကိုယ့်အိပ်မက်ကို မစွန့်လွှတ်သရွေ့ အိပ်မက်က နီးနီးလေးပါပဲ။ မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာတွေအတွက်နဲ့ အလွန်အကျွန်မသုံးကြတော့နဲ့နော်..။

ချစ်တဲ့

[IMAGE: https://cdn.steemitimages.com/DQmZZiAh1wAuGNj3jFqWBBqkarvShz3Gxd9ppi6dRzQxTTf/signature.png]

MSC-264
25/9/18
1:15 pm

TAGS: [ #myanmar ] [ #life ] [ #blog ] [ #writing ] [ #technology ]

Replies

@yuzana | Sept. 25, 2018, 7:43 a.m. | Votes: 0 | [ VOTE ]

မစုထက်​တို့များ​တော်​လိုက်​တာ အ​ရေးအသား​ရော စာလုံး​ရေ​ရော

@suhtetaung | Sept. 25, 2018, 8:08 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးတင်ပါတယ် ရှင့်။ ကြိုးစားရေးထားတာလေးတွေ အားပေးခံရလို့ ပျော်ပါတယ်။

Posted using Partiko Android

@asterkame | Sept. 25, 2018, 7:44 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ပါတယ်​...အလွန်​အကျူးမသုံးဘဲလိုအပ်​တာ​တွေနဲ့ဗဟုသုတရစရာ​တွေယူတာ​ကောင်းပါတယ်​...​ကောင်းကျိုးလည်းရှိသလိုဆိုးကျိုးမများဖို.ထိန်းရမှာပါ...

Posted using Partiko Android

@suhtetaung | Sept. 25, 2018, 8:10 a.m. | Votes: 0 | [ VOTE ]

သားသားတို့အရွယ်ရောက်လာရင် အဲ့ကိစ္စနဲ့ ပတ်သတ်ပီး ဘယ်လို ထိန်းချုပ်ရမလဲစဉ်းစားမိတိုင်းခေါင်းတွေပါကိုက်တယ်ကွယ်။

Posted using Partiko Android

@asterkame | Sept. 25, 2018, 8:12 a.m. | Votes: 0 | [ VOTE ]

ဟုတ်​တယ်​...ခုချိန်​ခါမှာ​တောင်​ဒီလိုဆို​နောက်​က​လေး​တွေကြီးလာချိန်​ဆိုမ​တွေးဝံ့စရာပါ...

Posted using Partiko Android

@babakyi | Sept. 25, 2018, 7:46 a.m. | Votes: 0 | [ VOTE ]

ဖတ်​​ကောင်းပါတယ်​ဗျာ တိုးတက်​​နေတဲ့​ခေတ်​အ​ကြောင်းဗဟုသုတရပါတယ်

Posted using Partiko Android

@suhtetaung | Sept. 25, 2018, 8:09 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါ ဦးဦးယု ကျေးဇူးပါရှင့်။

Posted using Partiko Android

@suhlaing | Sept. 25, 2018, 8:23 a.m. | Votes: 0 | [ VOTE ]

အချိန်တွေကို တခြားဝါသနာတွေ အတွက်လည်း ဖဲ့ချန်ပေးသင့်ပါတယ် ညီမရေ တင်ပြချက်လေးနဲ့ အရေးအသား အချိတ်အဆက်လေး ကောင်းတယ်

Posted using Partiko Android

@suhtetaung | Sept. 25, 2018, 8:36 a.m. | Votes: 0 | [ VOTE ]

အားပေးဖတ်ရှုပေးလို့ ကျေးဇူးပါ မမစုရေ။ အချိန်တွေကို manage လုပ်နိုင်လလေလေ ပိုပျော်လေလေပဲလေနော့။

Posted using Partiko Android

@kyi | Sept. 25, 2018, 8:51 a.m. | Votes: 0 | [ VOTE ]

မမလဲ တနေ့တနေ့ onlin,ချည့်ပဲ တကယ်က fb သိပ်မသုံးဖြစ်ဘူးရယ် ကျန်တာတေ လျောက်ကြည့် လျော့ရအူးမေ😁

Posted using Partiko Android

@suhtetaung | Sept. 25, 2018, 9:01 a.m. | Votes: 0 | [ VOTE ]

ညီမလေးကတော့ အချိန်လေးကန့်ထားလိုက်တာ မဟုတ်ရင် အချိန်တအားကုန်လို့။

Posted using Partiko Android

@donjaun | Sept. 25, 2018, 9:13 a.m. | Votes: 0 | [ VOTE ]

Privacy တွေကတော့ ထိခံနေရတာကြာပါပြီကောဗျာ
ခက်တာက ကိုယ်တွေမှာလည်း မကင်းနိုင်ပဲလေ
မချစ်သော်လည်း အောင့်ခါ နမ်းပေါ့

@suhtetaung | Sept. 25, 2018, 9:15 a.m. | Votes: 0 | [ VOTE ]

ဟုတ်ပါ့ ကိုဒွန်တင်ထားတာလေး ဝင်မန့်ခါနီး အတွေးပေါ်လာလို့ ဒီပို့စ်ကောက်ရေးလိုက်တာ။ ကျေးဇူး ကိုဒွန်ရေ

Posted using Partiko Android

@billionairehein | Sept. 25, 2018, 10:30 a.m. | Votes: 1 | [ VOTE ]

မကျွမ်းကျင်ဘဲ သုံးနေရတာ ကိုယ့်ရဲ့ အချက်အလက်တွေများ ပါကုန်ပြီလား မသိ😁

Posted using Partiko Android

@suhtetaung | Sept. 25, 2018, 10:49 a.m. | Votes: 0 | [ VOTE ]

ပါနေကြတာပါပဲ...ကိုယ်တွေသာ မသိလို့ရယ်... 😁😁

@ansoe | Sept. 25, 2018, 10:49 a.m. | Votes: 0 | [ VOTE ]

အဲဒါအမှန်ပဲ အတော်များများက နားမလည်ကြတော့ ဘာကြောင့် ဒီလိုတွေဖြစ်တယ်ဆိုတာကို မသိကြတာလည်း ပါပါလိမ့်မယ် ဒါပေမယ့် ကြော်ငြာတွေ ၀င်လာပြီဆိုရင်တော့ လူတိုင်း စိတ်အနှောက်အယှက်ဖြစ်သွားတော့တာပါပဲဗျာ

@suhtetaung | Sept. 25, 2018, 2:06 p.m. | Votes: 0 | [ VOTE ]

ဟုတ်တယ် အစ်ကိုရေ ကသိကအောင့်ကြီးလေ။

@minsoenaing | Sept. 25, 2018, 11:18 a.m. | Votes: 0 | [ VOTE ]

ခုနောက်ပိုင်းထွက်တဲ့ samsung ဖုန်းတွေက security မြင့်တယ်။ အကာအကွယ်တွေ build in ပါလာတယ်

Posted using Partiko Android

@suhtetaung | Sept. 25, 2018, 2:08 p.m. | Votes: 0 | [ VOTE ]

ဒါပေမယ် Samsung က high end ဖုန်းလောက်ပဲ ကိုင်ကောင်းတာ။ High-end ဖုန်းသျေးကြပြန်တော့ ကိုယ့်ဝင်ငွေနဲ့ မကိုက်ညီသေးဘူးဆိုတော့ မကိုင်ဖြစ်ပါဘူး။

@mahaw | Sept. 25, 2018, 12:40 p.m. | Votes: 0 | [ VOTE ]

ညီမ‌ရေ အခုတ‌လောpost‌တွေ ဖတ်‌ရတာ ဖတ်‌လို့ ‌ကောင်း‌နေတယ်‌။ အရင်‌က မ‌ကောင်းဘူးလို့ ဆိုလိုတာဟုတ်‌ဖူး‌နော်‌။ ဒီည‌တောင်‌ ထိုအ‌ကြောင်းနဲ့ပက်‌သက်‌ပြီး စာ‌ရေးမလို့။

@suhtetaung | Sept. 25, 2018, 1:59 p.m. | Votes: 0 | [ VOTE ]

ဟုတ်လား ကိုမဟော် ကျေးဇူးတင်ပါတယ်။ ရေးစရာအကြောင်းအရာလေးတွေ list လေးလုပ်ထားရတဲ့ အကျိုးလေးတွေများလားနော်။

@uthantzin | Sept. 25, 2018, 12:48 p.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ်အစ်မ နည်းပညာတွေက လူသားတွေရဲ့ တန်ဖိုးရှိတဲ့အချိန်နဲ့ စိတ်အာရုံတွေကို တော်တော်များများ ဖမ်းစားထားနိုင်နေပါပြီ။မျှမျှတတ အကျိုးရှိအောင် သုံးစွဲနိုင်ဖို့လောက်သာ သုံးစွဲပြီး သတိထားနေထိုင်သင့်ပါတယ်။balance ထိန်းနိုင်အောင် ရေးသားပြောပြပေးထားတာ ပေါ်လွင်ထိမိပါတယ်အစ်မ။ကောင်းမွန်သော post ပါခင်ဗျာ။

@suhtetaung | Sept. 25, 2018, 2:14 p.m. | Votes: 0 | [ VOTE ]

အထူးသဖြင့်လူငယ်ဆယ်ကျော်သက်လေးတွေရယ် သက်ကြီးရွယ်အိုတွေရယ်အတွက် ပိုမကောင်းဘူးနော်။ လူငယ်ကြပြန်တော့ အသိဥာဏ်နုနယ်သေးလို့ ပူရသလို လူကြီးတွေကြပြန်တော့ နည်းပညာနဲ့ အလှမ်းဝေးလေ့ရှိကြတော့ အယုံသွင်းဖို့လွယ်တယ်။ ကျေးဇူးပါ ကိုသန့်ဇင်ရေ။

@winko | Sept. 25, 2018, 2:32 p.m. | Votes: 0 | [ VOTE ]

အမှန်ပဲ အမရေ အခုဆို ငယ်ငယ်ရွယ်ရွယ်နဲ့ ဇက်ကြောတက်ပြီး အချိန်ကုန် ဘေကုန်နေရတယ်လေ
မသုံးလို့ ကလည်း စိတ်က မထိန်းနိုင်ဘူး
ခက်ပါတယ်ဗျာ

@suhtetaung | Sept. 26, 2018, 3:38 p.m. | Votes: 0 | [ VOTE ]

မရှိမကောင်း ရှိမကောင်းလေ။

Posted using Partiko Android

@arcange | Sept. 26, 2018, 8:55 p.m. | Votes: 0 | [ VOTE ]

Congratulations @suhtetaung!
Your post was mentioned in the Steemit Hit Parade for newcomers in the following category:

  • Comments - Ranked 5 with 25 comments

I also upvoted your post to increase its reward
If you like my work to promote newcomers and give them more visibility on Steemit, consider to vote for my witness!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>