+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

လွမ်း.....

BY: @thatkozaw | CREATED: April 7, 2019, 1:20 p.m. | VOTES: 165 | PAYOUT: $1.20 | [ VOTE ]

https://i.postimg.cc/QdGLQ3cL/IMG-20171204-131749.jpg
လွမ်း....
အလွမ်းဆို​သောအရာသည်​ စကားလုံးတလုံးသာဖြစ်​​ပေ​သော်​လည်း အ​တော်​ ​နေရထိုင်​ရခက်​​သော ခံစားမှု ဒြပ်​မဲ့နမ်​တခုပါ။
လွမ်းပီ​ဟေ့ မ​ပြောပဲဖြစ်​လာသလို မလွမ်းပါနဲ့လို့လည်း ​ပြောလို့မရ​သောအရာ။
သူ့ကိုစတင်​ပီ​ဟေ့ဆိုတာနဲ့ လိုအပ်​မှုတစ်​ခု ​တောင်းတမှုတစ်​ခုဖြစ်​လာသည်​။
ထို​တောင်းတမှုသည်​ကလည်း ပြည့်​မည်​မဟုတ်​​သော​တောင်းတမှုတစ်​ခု။

အလွမ်းသည်​ ဘယ်​ကစခဲ့လည်းမသိ​ပေမယ့်​ ကျ​နော်​စဉ်းစားမိ​နေသည်​မှာ အာဒံသည်​ ဧဝကိုလွမ်းခဲ့ဖူးလား။
ဧဝက​ကော အာဒံကိုလွမ်းမိလား။
သေချာတာတစ်​ခုက​တော့ ကျ​နော်​သည်​လွမ်းတတ်​သည်​။
ပို၍​သေ​သေချာချာ​ပြောရမယ်​ဆို ``ကျ​နော်​သည်
လွမ်းတတ်​လွန်းသူတစ်​​ယောက်​ပါ´´

လွမ်းဆွတ်​တမ်းတသတိရ​ခြင်းသည်​ လွမ်းဖို့အရာတစ်​ခုလိုအပ်​သလို လွမ်းရမယ့်​ အတိတ်​တစ်​ခုလည်းရှိရမည်​။
ကျ​နော်​သည်​ ဟိုး​ဆေးလိပ်​​သောက်​စဉ်​က အိပ်​ယာ​ဘေးက ​သတ်​မဲ့ပစ္စည်း ​ဆေးလိပ်​တို​လေး​တွေကို​တောင်​ လွမ်းတတ်​သူပါ။
သူ့ကိုသာဆိုရင်​​တော့ စကားလုံးမရှိ​အောင်​လွမ်းတယ်​။
အ​ကြောင်းတိုက်​ဆိုင်​တိုင်းလည်း ပတ်​သတ်​မှု​တွေကို ``လွမ်းလွယ်​လွန်း´´သူမို့။
သူဆိုပြခိုင်း​သော သီချင်းသံ​လေး​တွေကြားရင်​လွမ်းတယ်​။
သူနဲ့ထိုင်​ဖူးတဲ့​နေရာ
သူနဲ့​ပြောခဲ့​သောစကားလုံး​တွေကြားတိုင်း သတိတရ လွမ်းတယ်​။
မှတ်​မှတ်​ရရလွမ်းတယ်​။
တခုပ်​တရလွမ်းတယ်​။
တ​မျှော်​တလင့်​လွမ်းတယ်​။
မြတ်​မြတ်​နိုးနိုးလွမ်းတယ်​။
တောင့်​​တောင့်​တတလွမ်းတယ်​။
တမ်းတမ်းတတ လွမ်းတယ်​။

https://i.postimg.cc/3JdZ10YV/IMG-20180201-151756.jpg
သင်္ကြန်​ပီးတိုင်း ဒီလို​အေးစက်​လွန်းတဲ့မြို့ဆီကို ဘာ​ကြောင့်​မင်းထွက်​သွားရက်​​လေတယ်​ ဆိုတဲ့ အာဇာနည်​သီချင်းကို ခဏခဏဆိုခဲ့ရတာ လွမ်းတယ်​။
ဒီအချိန်​ဆို သူပြန်​လာပီ​လေ 
ဆောင်းဦးလှိုင်​ရဲ့ ​မြေနီလွင်​ပြင်​ဘက်​သို့အချစ်​ပြန်​လာ​တော့မည်​ ဆိုတဲ့ စကားလုံးကို ဆက်​တိုက်​ရွတ်​ရင်း သူ​လျောက်​လာမယ့်​ လမ်းကို​မျှော်​ရတာလွမ်းတယ်။
တနှစ်​ပတ်​လုံး ထိုင်​​စောင့်​​နေကျ Tea ဆိုင်​ကို​ကော ဆိုင်​ရှင်​ ဦး​လေးကို​ကောလွမ်းတယ်​။
သူ​ရောက်​​နေ​ကြောင်း လာ​ပြောတဲ့ သူငယ်​ချင်းကိုလွမ်းတယ်​။
တနှစ်​စာ​မျှော်​လင့်​ချက်​​တွေကိုဖျက်​ဆီးလိုက်​လို့
ရန်​လိုက်​လုပ်​မိတဲ့ သူဖတ်​လာတဲ့ ​ကောင်​​လေး​ချော​ချော​လေးကိုလည်း လွမ်းတယ်​။
အဲ့လို ရိုင်းရိုင်းစိုင်းစိုင်းမို့ စိတ်​ပျက်​တယ်​လို့​ပြောတဲ့ သူ့စကားလုံးနဲ့ မျက်​ရည်​​တွေကိုလွမ်းတယ်​။
မထုဖြစ်​လိုက်​တဲ့ အုပ်​ခဲကျိုး​လေးလဲလွမ်းတယ်​။

ဖျက်​ပြစ်​လိုက်​ရတဲ့ ဆံပင်​​ရှည်​​တွေလွမ်းတယ်​။
နောက်​ထပ်​ လိမ်​မာပါ့မယ်​ ဆိုပီး နှုတ်​ဆက်​မိတာလွမ်းတယ်​။
မျှော်​လင့်​ချက်​ ​တွေနဲ့ နှစ်​တိုင်း သူကိုမြင်​ရရုံ ​စောင့်​ခဲ့ရတာလွမ်းတယ်​။
တနှစ်​တခါ ဒီလမ်း​လေးကိုဖြတ်​​လျောက်​​ပေးတဲ့ သူ့ကိုလည်းလွမ်းတယ်​။
သူ့ရဲ့ မင်္ဂလာ​ဆောင်​ဖိတ်​စာ​လေး ကိုင်​လို့
ဆုံးဖြတ်​ချက်​ချပီး ထွက်​ခွါခဲ့​တော့ ကျန်​​နေခဲ့တဲ့ အတိတ်​တခုလုံးကိုလွမ်းတယ်​။
သူရှိ​နေခဲ့တဲ့ ထိုမြို့​လေးကိုလွမ်းတယ်​။

MSC 005
That Ko Zaw

https://i.postimg.cc/vZb0nJtQ/logo.png

TAGS: [ #myanmar ] [ #partiko ] [ #writing ] [ #story ]

Replies

@billionairehein | April 7, 2019, 1:31 p.m. | Votes: 0 | [ VOTE ]

အားလားလား လွမ်းလွန်းလို့ သေနိုင်တယ်

Posted using Partiko Android

@htwegyi | April 8, 2019, 1:31 a.m. | Votes: 0 | [ VOTE ]

ကော်ဖီသောက်တိုင်း လွမ်းတယ်ဗျာ မခါးလို့

@aggamun | April 8, 2019, 3:27 p.m. | Votes: 0 | [ VOTE ]

ဟိုဘက်ကို တိုးလွမ်းပါဗျို့။ အလွမ်းတွေ ဒီဘက်ကို လာ စင်လို့

Posted using Partiko Android

@c-squared | April 10, 2019, 12:12 p.m. | Votes: 0 | [ VOTE ]

https://cdn.steemitimages.com/DQmaSUWYsJ3AMUEMRqCSaoKJVNvtsbKm4fNAtmTidr8Uggc/C%20Squared%20Logo%20Transparency%20200px.pngပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.@c-squared runs a community witness. Please consider using one of your witness votes on us here

@myanmarkoko | April 12, 2019, 12:47 p.m. | Votes: 0 | [ VOTE ]

အနှစ်တွေချည်းပဲဗျို့...
ကျနော်တောင်လွမ်းသွားတယ်

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>