____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Gems (Amethist)

BY: @tintinnyo | CREATED: July 16, 2018, 4:31 a.m. | VOTES: 5 | PAYOUT: $0.09 | [ VOTE ]

Gems (ခရမ်းစွဲ ကျောက် အကြောင်း )

Hello ,

ခရမ်းစွဲ ကျောက်သည် နဝရတ်(၉)ပါး ဝင် ကျောက် မဟုတ်သော်လည်း တန်ဖိုး အသင့်အတင့် ရှိပြီး လှပသည့်အတွက် လူအများ ဝတ်ဆင် လေ့ ရှိကြပါသည်။

ခရမ်းစွဲကျောက်သည် သလင်းကျောက် အမျိုးအစားဝင် ကျေက်မျက် ဖြစ်ပါသည်

သံဓါတ်ပါဝင်သော သဘာဝသလင်းကျောက်များကို သဘာဝဓါတ်ရောင်ခြည်သင့်ရာမှ ခရမ်းစွဲကျောက် ဆိုပြီး စွဲမက်ဖွယ်အရောင်မျိုးကွဲများရရှိလာခြင်း ဖြစ်ပါသည်။

သဘာဝတွင်းထွက် ခရမ်းစွဲကျောက် ( Amethist) သည် သလင်းကျောက် အုပ်စုထဲတွင် တန်ဖိုးအကြီးဆုံးနှင့် ထင်ရှားလူသိများသည့် စွဲမက်ဖွယ်ကျောက်မျက်ရတနာတစ်မျိုးဖြစ်ပါသည်။

သဘာဝတွင်းထွက် ခရမ်းစွဲကျောက်များကို ဘီစီ ၈ ရာစုမတိုင်ခင်ကတည်းက အီဂျစ်လူမျိုးများက လက်ဝတ်ရတနာအဖြစ် တန်ဖိုးထားဝတ်ဆင်ခဲ့ကြသည်။

ခရမ်းစွဲကျောက်များသည် ဘရာဇီးနိုင်ငံတွင် အမြောက်အများထွက်ရှိပါသည်။

ယနေ့ ခေတ်တွင်လည်း သဘာဝခရမ်းစွဲကျောက်များကို ကမ္ဘာတွင် လူမျိုးအသီးသီးတို့က ရတနာတစ်ပါးအဖြစ် မြတ်နိုးတန်ဖိုးထား၍ ဝတ်ဆင်လာကြသည်ကို တွေ့ရပါသည်။

[IMAGE: https://cdn.steemitimages.com/DQmUn2Vs4nitMLiamYM4ChgBFLFKv7b9PXxwxwYyqBjHxGD/IMG_20180716_105842.png]

ခရမ်းစွဲကျောက်တွင် အရောင်မျိုးကွဲများစွာထဲမှ
ခရမ်းရောင်တွင်အနီရောင်စွက်သော မရမ်းစေ့ရောင်ရှိသည့် ခရမ်းစွဲကျောက်များကို အရည်အသွေးမြင့် တန်ဖိုးမြင့်အမျိုးအစားအဖြစ် သတ်မှတ်ကြပါသည်။

မီးခိုးရောင်ရှိသော ခရမ်းရောင်ရှိသည့်ကျောက်များကိုမူ သာမန်အရည်အသွေးရှိခရမ်းစွဲကျောက်များအဖြစ်
သတ်မှတ်ရောင်းဝယ်ကြပါသည်။

ခရမ်းစွဲကျောက်ကို ဝတ်ဆင်ခြင်းဖြင့် အရက် ဝိုင် အမူးလွန်ခြင်းမှ အကာအကွယ်ပေးနိုင်သည်ဟု ရှေးခေတ်ဂရိလူမျိုးများ ယုံကြည်ခဲ့ကြပါသည်။

@tintinnyo

TAGS: [ #myanmar ] [ #beautiful ] [ #knowledge ] [ #nature ] [ #jewellery ]

Replies

@cheetah | July 16, 2018, 4:32 a.m. | Votes: 0 | [ VOTE ]

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744

@tintinnyo | July 16, 2018, 4:39 a.m. | Votes: 0 | [ VOTE ]

hi, @cheetah your reply link is wrong. I writing this post
.

@shunlai | July 16, 2018, 4:36 a.m. | Votes: 0 | [ VOTE ]

very beautiful

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>