__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

How to prepare for interview

BY: @yell1 | CREATED: March 17, 2018, 4:39 a.m. | VOTES: 14 | PAYOUT: $0.02 | [ VOTE ]

Interview တစ်ခု ကိုကောင်းကောင်းဖြေနိုင်ဖို့ ဘာတွေပြင်ဆင်ကြမလည်း ?

ကျွန်တော်တို့်တွေပြောကြတယ် Interview သွားဖြေကြတယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ Interview ဆိုတာသွားဖြေတာမဟုတ်ပါဘူး။ Interview ဆိုတာဟာ မိမိရှဲ့ Skill, Experience, Education background, နဲ့ Attitude တွေဟာ တစ်လ ကို ဘယ်လောက်တန်ကြောင်း ပြောပြပြီး မိမိရဲ့ အချိန်တွေကို သွားရောင်းရတာပါ။

Interview သွားတယ်ဆိုကတည်းက ယခုလက်ရှိထက် ပိုကောင်းတဲ့ Opportunities (အခွင့်အရေး) ကိုလိုချင်လို့ပါ။ တစ်ယောက်နဲ့ တစ်ယောက်လိုချင်တဲ့ Opportunities တွေကတော့မတူကြပါဘူး။ တချို့က လခ ပိုလိုချင်ကြတယ်။ တချို့က Foreign background Company မျိုးသွားချင်ကြတယ်။ တချို့ က Industries ပြောင်းချင်တယ်။ အစရှိသဖြင့်ကွဲပြားကြပါတယ်။

အဲ့လို Opportunities တွေရဖို့ မိမိအချိန်တွေကို သွားရောင်းရတဲ့ Interview မှာ ကျွန်တော်တို့ဝန်ထမ်းတွေအားလုံး Smart ကျကျနဲ့ ကိုလိုချင်တဲ့ Opportunities တွေရနိုင်တဲ့ Company ရဲ့ ပိုင်ရှင်(သို့မဟုတ်) HR Department ကသဘောကျအောင် မိမိတို့ရဲ့အချိန်တွေကိုသွားရောင်းနိုင်ဖို့လိုပါတယ်။

အရင်တစ်ပါတ်ကတော့ Interview တစ်ခုကို ဘယ်လိုသွားသင့်ကြောင်းပြောပြပြီးပါပြီ။

ဒီတစ်ပါတ်မှာတော့ အဲ့ဒီပြသနာကိုဖြေရှင်းနိုင်မယ့် Post ဖြစ်တဲ့ Interview တစ်ခုကို ကောင်းကောင်း ဖြေနိုင်ဖို့ ဘာတွေပြင်ဆင်သွားသင့်ပြီး ဘယ်လိုတွေပြောဆိုသင့်လည်းဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁ - ပထမဆုံးအနေနဲ့ပြင်ဆင်သွားသင့်တာကတော့ သင်ဟာ ဒီ Company ကိုဘာလို့လာရောက်လုပ်ကိုင်ချင်လည်းဆိုတဲ့အချက်ပါ။ အားလုံးနီးပါးက လခ ပိုရမှာမို့လို့ Interview လာကြပေမယ့် positive ဖြစ်တဲ့ အချက်ကိုပဲပြောသင့်ပါတယ်။
ဥပမာအနေနဲ့ Company က ဘယ်လို Industries မို့လို့၊ ဒီအလုပ်နဲ့ပက်သက်ပြီး ဘယ်လိုစိတ်ဝင်စားကြောင်း အစရှိသဖြင့်ပြောသင့်ပါတယ်။

၂ - Company အကြောင်း website သို့မဟုတ် facebook မှာရှာပြီး Company အကြောင်းလေ့လာသွားပါ။
Company ကဘာလုပ်တာလည်း၊ ဘယ်နေရာမှာရှိသလည်း၊ ဘယ်လိုလူတွေဒီမှာလုပ်သလည်း၊ ဘယ်Company ၇ဲ့ လက်အောက်မှာရှိတာလည်း အစရှိသဖြင့်ပါ။

၃ - သင့်ရဲ့ လုပ်သက်တစ်လျှောက်အတွက်သင့်ရဲ့ အားနည်းချက် နှင့် အားသာချက် ၂ ချက်လောက်တော့ ပြင်ဆင်သွားသင့်ပါတယ်။
ဥပမာ Civil Engineer ဆိုလျှင် Site Foundation ချတာကိုအားပိုသာကြောင်း၊ နှင့် Renovation (အဆောက်အဦးပြန်လည်မွန်းမံတည်ဆောက်ချင်း) ကို ပိုအားသာကြောင်း
Accountant ဆိုလျှင်လည်း AP နှင့် AR တွင် AP ပိုင်းကိုပိုအားသာကြောင်း၊
Payroll ဆိုလှင်လည်း ၀န်ထမ်း ၂၀၀ လောက်ထိ Payroll တွက်ဖူးကြောင်းအစရှိသဖြင့်ပါ။

၎ - သင်ဧ။် Achievement (အောင်မြင်မူ)တွေကိုပြင်ဆင်သွားပါ။
တချို့ Company တွေမှာ achievement award ပေးတာမျိုးတွေရှိပါတယ်။ မရခဲ့ဘူးဆိုလျှင်လည်း တခြားအကြောင်းအရာတွေကို ပြောပြလို့ရပါတယ်။ ဥပမာ - ရာထူးတိုးဖူးကြောင်း။ sales target ဘယ်လောက်ထိရောက်ဖူးကြောင်း။ Project Issues ဘယ်နှစ်ရက်အတွင်း ဖြေရှင်းလိုက်နိုင်ကြောင်း။ အစရှိသဖြင့်ပြင်ဆင်နိုင်ပါတယ်။

၅ - Interview စပြီဆိုလျှင် Interviwer က မင်းအကြောင်းပြောပါအုန်းဆိုပြီး မေးလေ့ရှိကြပါတယ်။
တချို့ပြောတာတွေက တော်တော် အဆင်မပြေတဲ့ထဲမှာပါတယ်။ ကျတော် ကဘယ်သူပါ။ ဘယ် Company မှာ ဘာလုပ်ပါတယ် အဲ့ဒါပဲပြီးသွားရော။ အဲ့ ဒီမှာ Interviewer က တစဆီဆီဲထုတ်ပြီးလိုက်မေးရရော။
တကယ်ဖြစ်သင့်တာက “မင်းအကြောင်းပြောပါအုန်း” ဆိုတာနဲ့ ကျတော့် နာမည်က ဘယ်သူပါ။ နောက်ဆုံးလုပ်ခဲ့တဲ့ Company နာမည်ကတော့ဘာပါ။ အဲ့ဒီ Company ရဲ့အဓိက လုပ်ငန်းကတော့ဘာပါ။ အဲ့ဒီ Company မှာတော့ ကျတော်က ဘယ်ရာထူးနဲ့ ဘယ်နှစ်နှစ်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော် အဲ့ Company မှာအဓိကလုပ်ရတဲ့တာဝန်ကတော့ဘာတွေပါ။ လူဘယ်နစ်ရောက်ကိုအုပ်ချုပ်ဖူးပါတယ်။ ဘယ်သူ့ကို report တင်ရပါတယ်။ ကျွန်တေ့်ရဲ့ လုပ်သက်ကတော့ စုစုပေါင်း ဘယ်လောက်ရှိပါပြီ ဆိုပြီးဖြစ်သင့်ပါတယ်။

ကျိန်းသေပေါက် သင့်ကို Interview က စိတ်ဝင်စားသွားမှာသေချာပါတယ်။
အဲ့ဒီအခါ သူတို့လုပ်ငန်းအတွကိ လိုအပ်တဲ့အရည်အချင်း၊ အတွေ့အကြုံတွေရှိမရှီ၊ ဆိုတာပဲသူသိချင်တာနည်းနည်းလေးလောက်ပဲ ဆက်မေးသွားမှာပါ။

၆ - Reason of leaving ( သင်ဘာကြောင့် နောက်ဆုံးအလုပ်ကနေ ထွက်ခဲ့တာလည်း၊ သို့မဟုတ် ဘာလို့ အလုပ်ပြောင်းချင်တာလည်း) ဆိုတာကိုပြင်ဆင်သွားပါ။
၇ - နောက်ဆုံးအနေနဲ့ကတော့ သင့်ကို Interview က ဘာများပြန်သိချင်ပါသလည်းလို့မေးပါလိမ့်မယ်။
သင့်ဘက်က ပြန်မေးသင့်တာက အလုပ်နဲ့ ဆိုင်တဲ့ မေးခွန်းများကိုပဲပြန်မေးသင့်ပါတယ်။
ဥပမာ - Company ဧ။်အလုပ်ချိန်၊ Ferry ရှိပါသလား။ ကျွန်တော့်ကို အုပ်ချုပ်မည့်သူကဘာရာထူးလည်း။ အစရှိသဖြင့်မေးခွင့်ရှိပါသည်။

ဒါတွေအားလုံးပြင်ဆင်ထားလျှင်တော့ သင် ဟာ interview တစ်ခုမှာဘယ်တော့မှာ Impression မ Down တော့ဘူးလို့ ရဲရဲကြီးအာမခံပါတယ်။
Career Consulting မှ အပါတ်စဉ် စနေနေ့တိုင်း post တွေတင်ပေးသွားပါမည်။

Career_Consulting_Myanmar

SMT 79

TAGS: [ #knowledge ] [ #job ] [ #interview ] [ #career ]

Replies

@xello | March 17, 2018, 4:53 a.m. | Votes: 0 | [ VOTE ]

smt 54

@zayyarwin | March 17, 2018, 5:19 a.m. | Votes: 0 | [ VOTE ]

smt64

@kokomyothant | March 17, 2018, 5:24 a.m. | Votes: 0 | [ VOTE ]

Smt 61

@mooen | March 17, 2018, 5:40 a.m. | Votes: 0 | [ VOTE ]

Smt 62

@pocker | March 17, 2018, 6:29 a.m. | Votes: 0 | [ VOTE ]

SMT-59
Good post

@nannnwe | March 17, 2018, 6:40 a.m. | Votes: 0 | [ VOTE ]

SMT 57

@bokaung | March 17, 2018, 7:44 a.m. | Votes: 0 | [ VOTE ]

Smt52

@moesat99 | March 17, 2018, 8:22 a.m. | Votes: 0 | [ VOTE ]

SMT(51)

@ayeminaung | March 17, 2018, 12:16 p.m. | Votes: 0 | [ VOTE ]

SMT No 55

@kaunghtetnaing21 | March 17, 2018, 1:31 p.m. | Votes: 0 | [ VOTE ]

Smt65

@hoonhaejen | March 17, 2018, 1:35 p.m. | Votes: 0 | [ VOTE ]

Smt-66

@phyokoko | March 17, 2018, 2:09 p.m. | Votes: 0 | [ VOTE ]

SMT 58

@thumaung | March 17, 2018, 5:55 p.m. | Votes: 0 | [ VOTE ]

Well noted bro this is good for us
smt63

@steemitboard | March 20, 2018, 4:45 p.m. | Votes: 0 | [ VOTE ]

Congratulations @yell1! You have completed some achievement on Steemit and have been rewarded with new badge(s) :

[IMAGE: https://steemitimages.com/70x80/http://steemitboard.com/notifications/votes.png] Award for the number of upvotes
[IMAGE: https://steemitimages.com/70x80/http://steemitboard.com/notifications/comments.png] Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

> Upvote this notification to help all Steemit users. Learn why here!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>