___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

JobInterview

BY: @yell1 | CREATED: March 29, 2018, 2:25 a.m. | VOTES: 10 | PAYOUT: $0.00 | [ VOTE ]

သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်သလဲ ?
......................................................

         အလုပ်လျှောက်တဲ့အခါ  ကြိုတင် ပြင်ဆင်ရတာတွေ အများကြီး ရှိပေမဲ့  ဒီအချက်ကို အလုပ်လျှောက်သူ အများစုဟာ ကြိုတင် ပြင်ဆင်ထားလေ့ မရှိပါဘူး။ တကယ်တော့  ဒီမေးခွန်းဟာ အလုပ်လျှောက်သူ  တွေအတွက် မလိုတဲ့မေးခွန်းလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အလုပ်မရှိလို့ပဲ  ဖြစ်ဖြစ် ၊ ခေါ်ထားတဲ့ ရာထူးနဲ့  ကိုက်ညီလို့ပဲ  ဖြစ်ဖြစ် အလုပ်လျှောက်တာကို သိရက်နဲ့  အင်တာဗျူး   မေးသူဟာ  ဘာကြောင့် ဒီမေးခွန်းကို            မေးရတာလဲ။ 
             ဒီမေးခွန်းဟာ အင်တာဗျူး ဖြေသူတွေ အတွက် အလုပ်ရဖို့  အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပေမဲ့  အင်တာဗျူး မေးသူရဲ့  စိတ်ကို ဘယ်သူမှ  အတိအကျ ခန့်မှန်းလို့  မရတာကြောင့် ဖြေဆိုသူဟာ  သတိထားရမှာ ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ  လျှောက်ထားတဲ့ ရာထူးနေရာအတွက် ကိုယ်ရဲ့ ကျွမ်းကျင်မှု ၊ တာဝန်ယူနိုင်မှုတွေကို  ပြောဆိုရပါ မယ်။ အဲ့လိုပြောဆိုတဲ့နေရာမှာ  အခု ဖော်ပြတဲ့ အချက်လေးတွေကို ပါအောင် ပြောဆိုဖို့ လိုအပ်      ပါတယ်။

(၁) အင်တာဗျူးပြီဆိုကတည်းက လက်ရှိ ခေါ်ထားတဲ့ ရာထူးအ တွက် ကိုယ်ဟာ ကိုက်ညီ တဲ့သူတစ်ဦးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်တာကြောင့် အင်တာဗျူးဖြေသူဟာ ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေတဲ့ ပုံစံမျိုး ဖြစ်ဖို့ လိုအပ်ပြီး စကားပြောဆိုရာမှာလည်း ကြည်လင် ပြတ်သားဖို့လိုအပ်ပါတယ်။ သူစိမ်းနှစ်ယောက်ကြားမှာ ပထမဆုံး ခံစားမှု သဘောထားက အရေးကြီးပါတယ်။ စကားပြောနေ တဲ့အချိန်မှာလည်း အင်တာဗျူးမေးသူရဲ့ မျက်လုံးကို ရှောင်ဖယ်နေခြင်းမျိုး မလုပ်ဘဲ တတ်နိုင်သလောက် မျက်လုံး ချင်းပါ ပြောဆိုနေရမှာ ဖြစ်ပါတယ်။
(၂) လက်ရှိရာထူးနေရာအတွက် အင်တာဗျုးဖြေဆိုသူဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မေ့မထားပါနဲ့။ အခြားသူရဲ့ အရည်အချင်းကို ကိုယ်မသိနိုင်ဘူးဆိုပေမဲ့ ကိုယ်ဟာ ဒီရာထူးအတွက် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ အရ သာလွန်တယ်ဆိုတာ အင်တာဗျူးမေးသူ သိနိုင်အောင်ပြောဆိုရမှာ ဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်မယ့် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို အသေးစိတ်သိရှိထားပြီး တိုးတက်မှုရှိအောင် ဘယ်လို လုပ်ဆောင်မှုတွေ ပြုလုပ်ရမယ် ဆိုတာကို ပြောပြနိုင်မယ်ဆိုရင် အင်တာဗျူးမေးသူအနေနဲ့ သဘောကျနှစ်သက် နိုင်ပါတယ်။
(၃) နောက်ဆုံးအချက်အနေနဲ့တော့ မိမိအဖွဲ့အစည်းအတွက် လက်ရှိရာထူးနေရာနဲ့ တာဝန်ယူဖြေရှင်းရမယ့် ကိစ္စရပ်တွေ အားလုံးကို
တာဝန်ယူဖြေရှင်းနိုင်စွမ်း ရှိတယ်ဆိုတာကို ပြောပြ ရမှာပဲ ဖြစ်ပါတယ်။
ဒီလိုအချက်တွေကိုသာ ပြောပြခဲ့မယ်ဆိုရင် အင်တာဗျူးမေးသူရဲ့စိတ်ထဲမှာ သင်ကို မှတ်မိနေဖို့ သေချာသလောက်ရှိနေပြီး တစ်ခါတည်းဆုံးဖြတ်ချက် မပေးနိုင်ခဲ့သေးရင်တောင် လက်ရှိလစ်လပ်နေတဲ့ ရာထူးနေရာအတွက် သင့်တော်တဲ့သူတစ်ဦးဆိုတာ သိရှိသွားမှာပဲ ဖြစ်ပါတယ်။

နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

SMT 79

TAGS: [ #job ] [ #interview ] [ #knowledge ]

Replies

@ayeminaung | March 29, 2018, 5:53 a.m. | Votes: 0 | [ VOTE ]

SMT No 55

@mooen | March 29, 2018, 6:03 a.m. | Votes: 0 | [ VOTE ]

Smt 62

@kokomyothant | March 29, 2018, 6:19 a.m. | Votes: 0 | [ VOTE ]

Smt 61

@pocker | March 29, 2018, 9:18 a.m. | Votes: 0 | [ VOTE ]

SMT-59
Nice Bro

@nannnwe | March 29, 2018, 9:24 a.m. | Votes: 0 | [ VOTE ]

SMT 57

@moesat99 | March 29, 2018, 12:31 p.m. | Votes: 0 | [ VOTE ]

SMT(51)

@hoonhaejen | March 29, 2018, 1:11 p.m. | Votes: 0 | [ VOTE ]

Smt-66

@bokaung | March 29, 2018, 2:51 p.m. | Votes: 0 | [ VOTE ]

Smt 52

@zayyarwin | March 30, 2018, 5:41 a.m. | Votes: 0 | [ VOTE ]

SMT 64

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>