____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Respected good think

BY: @yellthway | CREATED: June 21, 2018, 5:54 p.m. | VOTES: 8 | PAYOUT: $0.00 | [ VOTE ]

လေးစားစရာကောင်းတဲ့ လူဆိုတာ
ကိုယ့်အိတ်ကပ်ထဲက ရှိသမျှ အကုန်ပေးနေမှ မဟုတ်ပါဘူး
လူလူချင်းကို လူလို့မြင်ပီး ကိုယ့်ထက်နိမ့်ပါးသူ ၊
မြင့်မားသူတွေကို တစ်သားတည်းမျှတစွာဆက်ဆံတတ်သူပါ။

လေးစားစရာကောင်းတဲ့လူဆိုတာ
မိသားစုအတွင်းမှာလည်း အနစ်နာခံတတ်သလို
ပက်သတ်ဆက်နွယ်ဖူးတဲ့လူတိုင်းအပေါ် မတရားတာ
မလုပ်တဲ့သူပါ။

လေးစားစရာကောင်းတဲ့လူဆိုတာ
စိတ်အပြောင်းအလဲနည်းပီး အခြားသူတွေရဲ့
အားနည်းချက်တွေကို အသုံးမချတတ်သူပါ။

လေးစားစရာကောင်းတဲ့ လူဆိုတာ
အမှန်တရားကို ပါးနပ်စွာကိုးကွယ်တတ်ပီး
လိုချင်တာရှိရင်လည်း နိုင်တဲ့ဝန်ကို ပွင့်လင်းစွာတောင်းခံကာ
ပေးဆပ်ရင်လည်း အကျိုးမမျှော်တတ်သူပါ။

လေးစားစရာကောင်းတဲ့ လူဆိုတာ
စိတ်ထဲအမှတ်အတေးမထားတတ်သလို
အကြံပေးရင်တောင် ပညာသားပါပါနားလည်အောင်
စေတနာအပြည့်နဲ့ လမ်းပြတတ်သူပါ။

လေးစားစရာကောင်းတဲ့ လူဆိုတာ
ကိုယ်ချင်းစာစိတ်အပြည့်ရှိပီး အရမ်းဆိုးရွားနေသူကိုတောင်
လူကြီးဆန်ဆန် ယဉ်ကျေးစွာတုန့်ပြန်တတ်ပီး
"မာန "ထက် မေတ္တာတရားကို ကိုးကွယ်တတ်သူပါ။

လေးစားစရာကောင်းတဲ့လူဆိုတာ
နားတစ်ဖက်ပိတ်ပီး ကိုယ်မှန်တယ်ထင်တာကို
အသေကိုင်ပီး ကလေးဆန်ဆန်မငြင်းဆန်ဘဲ
အခြားသူတွေရဲ့ အတွေးအခေါ်ကိုပါ တန်ဖိုးထားတတ်သူပါ။

လေးစားစရာကောင်းတဲ့ လူဆိုတာ
ကိုယ်ကျင့်တရား လုံခြုံရုံတင်သာမက
ကိုယ်နာကျင်ရမှာထက် အခြားသူထိခိုက်သွားမှာကို
သေမှာထက် ကြောက်ရွံတတ်သူပါ။

လေးစားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ဆိုတာ
ပေးဆပ် ၊ ထိန်းသိမ်း ၊ ရင်းနှီးမှူတွေက မတန်တဆဖြစ်ပေမယ့်
ကြည်ညိုစရာကောင်းတဲ့ "လူ"ထဲက "လူကောင်း"ပါ။

TAGS: [ #esteem ] [ #good-karma ] [ #respect ]

Replies

@allnatural | June 21, 2018, 5:54 p.m. | Votes: 0 | [ VOTE ]

Follow @bible.com

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>