__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

သိတာတွေများလာတော့....

BY: @yellthway | CREATED: Sept. 4, 2018, 9:13 a.m. | VOTES: 1 | PAYOUT: $0.00 | [ VOTE ]

သိတာတွေများလာတော့
မသိသလို နေတတ်လာတယ်။

လူတွေအကြောင်းပိုသိလာတော့
ပေါင်းသင်းဆက်ဆံရေးမှာ စိတ်ရင်းနဲ့တန်သူကို
စိတ်ရင်းနဲ့ပေါင်းပီး  အ​ပေါ်ယံအခွံကြိုက်သူကို
အလိုက်အထိုက်ပဲ နေတတ်လာတယ်။

သိတာတွေများလာတော့
သူတစ်ပါးကို ဆရာလုပ်ရမှာထက် အောက်ကျို့ပီး
အကြံပေးတတ်လာတယ်။

သိတာတွေများလာတော့
ကိုယ့်အပေါ်ကို ဖိစီးနှိပ်စက်မည့် အပူမီးတွေကို ရင်ဆိုင်တတ်လာပီး
သံ​ယောဇဉ်​ကြိုးကို လှပစွာချည်နှောင်တတ်လာတယ်။

ဘဝမှာ အချိုအခါးအရသာကို ကောင်းကောင်းခံစားတတ်လာပီး
အောင်မြင်ခြင်း ရူံးနိမ့်ခြင်းထက် အေးချမ်းတဲ့အရိပ်အောက်ကို
ရှာဖွေတတ်လာတယ်။

သိတာတွေများလာတော့
လုပ်ချင်တာထက် လုပ်သင့်တာကိုဦးစားပေးတတ်လာပီး
ဖြစ်လာနိုင်တာတွေကို ကြိုတင်တွက်ချက် ပြင်ဆင်တတ်လာတယ်။

သိတာတွေများလာတော့
ဘဝရဲ့ပြည့်စုံမှူထက် ဘဝရဲ့အနှစ်သာရကို ကွင်းကွင်းကွက်ကွက်
မြင်လာပီး အခြားသူတွေရဲ့ ဘဝတွေကိုပါ လက်တွဲခေါ်ဆောင်
တတ်လာခဲ့တယ်။

သိတာတွေများလာတော့
ငါဆိုတဲ့ "အတ္တ"ထက် "သူ"ဆိုတဲ့ အခြားသူတွေဘက်က
တွေးတတ်လာပီး ငါ အဆင်ပြေပျော်ရွှင်ရဖို့ထက် "သူ"
အကျိုးရှိဖို့ ဦးစားပေးလုပ်ဆောင်တတ်လာတယ်။

လောကကြီးမှာ တစ်ခါတစ်ခါကျတော့အရမ်းသိလာလေ
ဂွကျလာတတ်ပီး ဘုကလန့်ဖြစ်လာတတ်တယ်ဆိုပေမယ့်
လောကကြီးကို အဆိပ်ခပ်ဖို့ထက် အားဆေးကျွေးဖို့
အမှန်တရားဘက်က ခိုင်ခိုင်မာမာရပ်တည်လာနိုင်သလိုပါပဲ။

TAGS: [ #conscience ] [ #acquaint ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>