____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

စာစု2

BY: @yewinnaing | CREATED: Jan. 22, 2018, 7:51 a.m. | VOTES: 4 | PAYOUT: $0.00 | [ VOTE ]

မိုးခြိမ်းတယ်ဆိုတာ

……………………………………

ကောင်းကင်က တိမ်စိုင်တိမ်ခဲတွေဟာ ညဝတ်အင်ကျီမည်းမည်းတွေကို တစ်ကိုယ်လုံးခြုံပြီး နွားသိုးအုပ်တစ်အုပ်လို ဒုန်းစိုင်းပြေးလာနေကြတယ်။

ရွာသွန်းဖို့အသင့်စောင့်နေတဲ့ မိုးသီးမိုးပေါက်တွေမှာလည်း ရန်သူကိုတစ်ဟုန်ထိုး တိုက်ခိုက်တော့မယ့်ပုံစံ။

မြေပြင်ပေါ်မှာတော့ ပန်းလေးတွေက သူ့ထက်ငါအပြိုင် လှပလို့နေလေရဲ့ ။

လေတစ်ချက်တိုက်လိုက်တိုင်း ယိမ်းနွဲ့သွားတဲ့ပန်းပွင့်လေးတွေကို မျက်တောင်မခက်တမ်းကြည့်နေတာက ဟိုပင်ယံထက်က ပိတုန်းငယ်လေးတစ်ကောင်။

လှချင်တိုင်းလှနေတဲ့ ပန်းလေးတွေကိုကြည့်ပြီး တယုတယနဲ့ ကြည်နူးနေသူက ရေပန်းပုံလေးကို လက်ကဆွဲထားတဲ့ ဥယျာဉ်မှူးလေး။

ရုတ်တစ်ရက် ကောင်းကင်ပေါ်ကနေ ဝင်းကနဲဖြစ်သွားတယ်။ တိမ်မဲတွေကကြားက အလင်းတစ်ချက်ဟာ မြေပြင်ကပန်းပွင့်တွေအတွက်တော့ မနာလိုစရာကောင်းလို့ ခိုးကြည့်နေတာလားတောင် ထင်မိရတယ်။

``ဝေါ´´ ကနဲ မြည်သံနှင့်အတူ မိုးစက်မိုးပေါက်တွေ တဟုန်ထိုး မြေပြင်ပေါ်ကိုကြွေကျလာတယ်။

ပျော်ရွှင်စွာယိမ်းနွဲ့နေတဲ့ ပန်းပွင့်လေးတွေဟာ တခဏလေးအတွင်း ပွင့်ဖတ်ပွင့်လွှာတွေ အထပ်လိုက် ကြွေကျပျက်ဆီးကုန်တယ်။

``တော်တော်ရက်စက်တဲ့မိုး အချိန်အခါမဟုတ်ပဲ အသကုန်ရွာချတယ်´´

ရေပန်းပုံးလေးကိုကိုင်ထားတဲ့ ဥယျာဉ်မှူးလေးဟာ ခေါင်းလေးပေါ် လက်အုပ်ပြီး တဲအိုလေးထဲကို အပြေးအလွှား ဝင်ပြေးသွားတယ်။

တခဏဆလးအတွင်းမှာပဲ လှပနေတဲ့ပန်းခင်းကြီးဟာ ရိုးတံကျိုး ၊ ပွင့်ဖတ်ပွင့်လွှာတွေကြွေ ၊ မိုးရေအရှိန်ကြောင့် မြေကြီးနဲ့ ထိပြီး ရွံ့ပေတဲ့ပန်းကပေနဲ့ အရုပ်ဆိုးအကျည်းတန်သွားခဲ့တယ်။

``မကောင်းတဲ့မိုး အသေဆိုးနဲ့သေပါစေ´´

``နင့်ကို တစ်သက်မကျေဘူးဟေ့´´

``ငါ့ဘဝလေး အကျည်းတန်သွားပြီ မုန်းတယ် မုန်းတယ်´´

``ငါဒုက္ခရောက်သလို နင်လည်း တစ်နေ့ ဘေးတွေ့စေရမယ်´´

``မိုးရွာမယ်ဆိုတာ ဘာလို့ ကြိုပြီး အသိမပေးတာလဲ သေလောက်အောင်စိတ်နာတယ်´´

ပန်းပွင့်တွေကြားထဲက ထွက်ပေါ်လာတဲ့ ကျိန်စာတစ်ခု ဘယ်သူမှမကြားပေမယ့် မိုးကတော့ ကြားဖြစ်အောင်ကြားသွားတယ်။

``ငါတောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့ ၊ နောက်တစ်ခါ ရွာရင် အသိပေးပါ့မယ်နော်´´

အဲဒီနေ့ကစလို့ မိုးရွာတော့မယ်ဆိုရင် တဂျုန်းဂျုးန်းနဲ့ မိုးခြိမ်းသံကို အရင်ပေးပြီးမှ မိုးကိုရွာစေတယ်။

မိုးမရွာခင် ခြိမ်းတဲ့ အဲဒီအသံဟာ သူ့ကြောင့် ပွင့်ဖတ်ပွင့်လွှာတွေပျက်စီးသွားတဲ့ ပန်းပွင့်လေးတွေကို တောင်းပန်တဲ့အနေနဲ့ (သို့) ကြိုတင်အသိပေးတဲ့သဘောပဲဆိုတာ တခဏတာအတွေးနဲ့ ပုံဖော်ရေးသားမိလိုက်ပါတယ် hfs10 [IMAGE: https://img.esteem.ws/4twl0yd8vk.jpg]

TAGS: [ #myannar ] [ #steem ]

Replies

@doubloo | Jan. 23, 2018, 1:02 a.m. | Votes: 0 | [ VOTE ]

V+c follow done bro

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>