___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

မျက်​နှာဖုံး

BY: @yezarni | CREATED: July 28, 2017, 3:46 p.m. | VOTES: 7 | PAYOUT: $0.03 | [ VOTE ]

လူတွေရဲ့ မျက်နှာဖုံးတွေနောက်ကို သင်ကြည့်ဖူးပါသလား ?

အလွန်အံ့သြစရာကောင်းသော အရာများ ကိုယ်စီရှိကြသည်

လူရှေ့တွင်အလှမကြိုက်ဘူးတွင်တွင်

ပြောသောလူတစ်ယောက်က အလွန်အလှကြိုက်သူ ဖြစ်နေတတ်သည်

လူရှေ့တွင် ဘုရားတရား အလွန်လုပ်သော သူတစ်ယောက်စိတ်တွင် မနာလို ၀န်တိုစိတ်များ ကိန်းအောင်းနေသူဖြစ်နေတတ်သည်

လူရှေ့တွင် ပေးကမ်းစွန့်ကြဲ မှုကို

ကျယ်ကျယ်လောင်လောင်လုပ်နေသူများတွင် ကျော်ကြားလိုစိတ်များပါနေတတ်သည်

လူရှေ့တွင် စေတနာ အရမ်းထက်သန်သူတစ်ယောက်သည် ကပ်စီးအလွန်နဲသူဖြစ်နေတတ်သည်

လူရှေ့တွင် အရိုးခံနှင့်ဖြူစင်ပြနေတတ်သူသည် ကောက်ကျစ်ယုတ်မာသူဖြစ်နေတတ်သည်

လူရှေ့တွင် မေတ္တာ တရား တွင်တွင်ပြောတတ်သူသည် အမုန်းတရားနှင့်ပြည့်နေသူဖြစ်တတ်သည်

လူရှေ့တွင် ရိုးရိုးသားသားနေတတ်သူသည် မကောင်းမှုများနှင့်မွေ့လျော်သူဖြစ်နေတတ်သည်

လူရှေ့တွင်သစ္စာရေသောက်ပြသူသည် သစ္စာဖောက်သူတစ်ယောက်ဖြစ်နေတတ်သည်

သတိထားပါ မိတ်ဆွေ ကိုယ့်ဒူးကိုယ်တောင်မယုံပါနှင့်

သင့်မျက်နှာဖုံးနောက်ကွယ်က

သင့်ကိုယ်သင် ဘယ်လိုလူလဲအရင်ကြည့်ပါ
သူတစ်ပါးကို အပြစ်တင်မစောပါနှင့်
ကိုယ်ကိုယ်တိုင် အပြစ်တွေက
လွတ်အောင်သာ အရင်ကြိုးစားကြပါစို့ ...[IMAGE: https://steemitimages.com/DQmWuVFDxRpzjTXdtZh7nBveUhYGsQqrt6XbJiZMHNsgipU/1501256438848.jpg]

TAGS: [ #myanmar ] [ #thinking ]

Replies

@investigation | July 28, 2017, 3:48 p.m. | Votes: 0 | [ VOTE ]

Hi. I am a volunteer bot for @resteembot that upvoted you.
Your post was chosen at random, as part of the advertisment campaign for @resteembot.
@resteembot is meant to help minnows get noticed by re-steeming their posts
Even better: If your reputation is lower than 28 re-steeming only costs 0.001 SBD!
If you want to learn more - read the introduction post of @resteembot.
If you want help spread the word - read the advertisment program post.

@yezarni | July 28, 2017, 3:50 p.m. | Votes: 0 | [ VOTE ]

Ok

@nyinyiwin | July 29, 2017, 10:01 a.m. | Votes: 0 | [ VOTE ]

resteembot vote နေ ရနေပါလား

@domelay | July 28, 2017, 3:59 p.m. | Votes: 0 | [ VOTE ]

မျက်နှာဖုံးအောက်မှာ ကပိုဖြူ စင်နေတယ်ဆို

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>