__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Create self each valuable day

BY: @zinzin | CREATED: March 30, 2018, 4:48 a.m. | VOTES: 75 | PAYOUT: $5.99 | [ VOTE ]

ကျွန်မတို့တွေ နေ့စဉ်ဖြတ်သန်းနေတဲ့နေ့ရက်တွေ မှာကိုယ်ဖြတ်သန်းခဲ့တဲ့တနေ့တာကိုပြန်လည်ဆန်းစစ်ကြည့်တာမျိုးလုပ်ဖူးပါသလားရှင်။

တစ်နေ့တာလုံးဖြတ်သန်းခဲ့ရာမှာ စိတ်ချမ်းသာမှုတွေလည်းရှိခဲ့မယ်။ စိတ်ဆင်းရဲမှုတွေလည်းရှိခဲ့မယ်။ အချိန်ကုန်လို့ကုန်မှန်းမသိအောင် ပျော်ရွှင်စွာဖြတ်သန်းခဲ့တာလည်းရှိသလို ရှည်လျားလှတဲ့ ၀မ်းနည်းဖွယ်နေ့ရက်တွေကိုအံကြိတ်ကျော်ဖြတ်ခဲ့ရတာတွေလည်းရှိကြမှာပါ။ ဘယ်လိုခံစားချက်တွေနဲ့ပဲဖြတ်သန်းခဲ့သည်ဖြစ်ပါစေ အဲဒီတစ်နေ့တာရဲ့တန်ဖိုးကို ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေနဲ့တိုင်းတာလို့တော့မရနိုင်ပါဖူး။

ဒီနေ့တစ်နေ့တာမှာ ကိုယ့်ရဲ့လောဘနဲ့ အတ္တကြောင့် တခြားသူတွေကိုပူလောင်ခြင်းတွေမဖြစ်စေခဲ့ဖူးဆိုရင် .....
ကိုယ့်ကြောင့်တခြားသူတွေဘ၀မှာ အကျိုးဖြစ်ထွန်းသွားတာတွေမရှိခဲ့ဖူးဆိုရင်တောင်မှ အကျိုးမယုတ်စေခဲ့ဘူးဆိုရင် .....
ကိုယ်ကပျော်ရွှင်ခြင်းကင်းမဲ့စွာဖြတ်သန်းခဲ့ရပေမယ့် တခြားသူတစ်ယောက်ယောက်ကိုယ့်ကြောင့်မျက်ရည်မကျစေခဲ့ဘူးဆိုရင် .....
ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်တစ်ခုလုံးကိုကောင်းကျိုးမပေးနိုင်ခဲ့သေးရင်တောင် ကိုယ့်မိဘနှစ်ပါးကိုစိတ်ချမ်းမြေ့မှုပေးခွင့်ရခဲ့တယ်ဆိုရင် .....
ကိုယ့်မှာကံဆိုးမှုတွေနဲ့ကျော်ဖြတ်နေရပေမယ့် ကိုယ့်လိုပဲကံဆိုးနေသူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ကူညီခွင့်ရခဲ့တယ်ဆိုရင် .....
ကိုယ့်အပေါ်ချစ်ခင်သူရော ငြိုငြင်မုန်းတီးသူတွေရောပေါ်မှာ မေတ္တာထားနိုင်ခဲ့တယ်ဆိုရင် .....
တန်ဖိုးရှိလှတဲ့နေ့ရက်တစ်ရက်ကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့ပါပြီ။

ဒီအချက်တွေနဲ့တိုင်းတာကြည့်လို့ ကျွန်မတို့လည်းတန်ဖိုးရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းနိုင်ခဲ့တယ်ဆိုတာသေချာခဲ့ရင် ကျွန်မတို့ဘ၀မှာလည်းစိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကိုပြန်လည်ရရှိပိုင်ဆိုင်လာမှာအသေအချာပါပဲ။
ဒါကြောင့်ကိုယ့်ရဲ့အဖိုးတန်နေ့ရက်တွေကို ကိုယ်ကိုယ်တိုင်ပဲဖန်တီးတည်ဆောက်ရင်းဖြတ်သန်းကြဖို့တိုက်တွန်းရင်း ဒီမှာပဲအဆုံးသတ်ပါရစေ။

စတီးမစ်မြန်မာအဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရှင်။
@zinzin
MSC-194

[IMAGE: https://steemitimages.com/DQmSt84NSwzvAxzEgCvqdBzyimP2MhQsyXJTSohwSFNbjJV/Don't%20let.jpg]

TAGS: [ #myanmar ] [ #life ] [ #valuable ] [ #esteem ] [ #esteemapp ]

Replies

@aungzin | March 30, 2018, 5:20 a.m. | Votes: 0 | [ VOTE ]

အားပေးခဲ့ပါတယ်👍

@zinzin | March 30, 2018, 6 a.m. | Votes: 0 | [ VOTE ]

ဟုတ် ကျေးဇူး

@leeshang | March 30, 2018, 5:22 a.m. | Votes: 0 | [ VOTE ]

ကိုယ်ပြုသည့်ကံပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုသလိုပေါ့

@zinzin | March 30, 2018, 6:01 a.m. | Votes: 6 | [ VOTE ]

ဟုတ် ကောင်းတာတွေလုပ်တဲ့အခါ ကောင်းကျိုးချမ်းသာတွေလည်းပြန်ရလာမှာပါ

@followforupvotes | March 30, 2018, 5:28 a.m. | Votes: 0 | [ VOTE ]

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

@sanaung53 | March 30, 2018, 5:47 a.m. | Votes: 0 | [ VOTE ]

စိတ်ချမ်းမြေ့ပြီး။အေးချမ်းသောနေ့ရက်လေးတွေကိုဖြတ်သန်းနိုင်ပါစေ

@zinzin | March 30, 2018, 6:01 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးအများကြီးတင်ပါတယ်ရှင်

@eieikhing | March 30, 2018, 6:14 a.m. | Votes: 6 | [ VOTE ]

ကိုယ့်​စကား​​ကြောင့်​တဖက်​လူစိတ်​ချမ်းသာတာပဲဖြစ်​ချင်​ပါတယ်​။ကောင်းတယ်​မဇင်​​ရေ။ရေးထားတာ။

@zinzin | March 31, 2018, 9:41 a.m. | Votes: 0 | [ VOTE ]

ဟုတ် မအိ

@soeyan | March 30, 2018, 7:42 a.m. | Votes: 0 | [ VOTE ]

တ​နေ့တာအလုပ်​​တွေကိုပြန်​လည်​ စဉ်းစားကြည့်​ရင်​ သံ​ဝေဂပဲရတယ်​ဗျာ

@zinzin | March 31, 2018, 9:41 a.m. | Votes: 0 | [ VOTE ]

ဟုတ်

@minsoenaing | March 30, 2018, 8:31 a.m. | Votes: 0 | [ VOTE ]

Steem dollar များများရတဲ့နေ့ကတန်ဖိုးရှိပါ့

@zinzin | March 31, 2018, 9:40 a.m. | Votes: 5 | [ VOTE ]

ဒါလည်းမှန်တာပဲ… စိတ်တေကိုချမ်းသာနာ :D

@konyinyitun | March 30, 2018, 9:13 a.m. | Votes: 0 | [ VOTE ]

အရမ်းကောင်းတယ်ဗျာ Good အားပေးခဲ့ပါသည်

@zinzin | March 31, 2018, 9:41 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါကိုညီရေ

@sawmyat | March 30, 2018, 11:07 a.m. | Votes: 0 | [ VOTE ]

ရေးထားတ​ကောင်းတယ်​ဗျာ

@zinzin | March 31, 2018, 9:40 a.m. | Votes: 0 | [ VOTE ]

ဟုတ် ကျေးဇူးပါကိုစော

@yiyiswe | April 14, 2018, 6:27 a.m. | Votes: 0 | [ VOTE ]

အမှန်ဘဲသမီးရေ..
အဓိက.က..သူတပါးကိုဝေဖန်တာထက်..မိမိကိုယ်မိမိဝေဖန်ဆန်းစစ်ခြင်းဆိုတာ..တိုးတက်မူ့လမ်းစကိုရှာဖွေခြင်းဘဲ။

@zinzin | April 15, 2018, 5:24 a.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ် တီတီရေ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>