___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Meaningful Life

BY: @zinzin | CREATED: April 13, 2018, 4:58 p.m. | VOTES: 77 | PAYOUT: $4.31 | [ VOTE ]

ဖြတ်သန်းခဲ့တဲ့ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျတာ အားမလိုအားမရဖြစ်မိတဲ့အခါမျိုးတွေ ခဏခဏကြုံခဲ့ကြဖူးမှာပါ။

ဒီအခါ ဘယ်သူ့ကြောင့် ဘာကြောင့်ဆိုပြီး အပြင်မှာရှာဖွေနေမယ့်အစား မိမိကိုယ်တိုင်ကိုပဲပြန်ကြည့်လိုက်ရင် ကျေနပ်စရာ အဖြေကောင်းတစ်ခု ထွက်လာမှာပါ။

အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝတစ်ခုကို ကျေကျေနပ်နပ်ဖြတ်သန်းနိုင်ဖို့အတွက် ဒီလိုလေးတွေတော့ နေထိုင်ဖို့လိုအပ်ပါတယ် ။

တခြားသူတွေအိပ်စက်အနားယူနေချိန်မှာ ကိုယ်ကလေ့လာနေဖို့ လိုပါတယ် ။
တခြားသူတွေ တွေဝေနေချိန်မှာ ကိုယ်က တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့လိုပါတယ် ။

အများသူငါ လေထဲတိုက်အိမ်ဆောက်နေတဲ့အချိန်မျိုးမှာ ကိုယ်ကအရာရာပြင်ဆင်ထားဖို့ လိုအပ်ပါတယ် ။
ကိုယ့်ပတ်ဝန်းကျင်က အတူရှိနေသူတွေက အချိန်တွေဆွဲနေကြတဲ့အခါမျိုးမှာ ကိုယ်ကဦးဆောင်ပြီး စတင်ပေးဖို့လိုအပ်ပါတယ် ။

သူများတွေ ဆုတောင်းနေကြတဲ့အချိန်မှာ ကိုယ်က လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ် ။
သူများတွေ အသုံးထက်အဖြုန်းပိုနေတဲ့အချိန်မျိုးမှာ ကိုယ်ကစနစ်တကျ စုဆောင်းသိုမှီးထားဖို့ လိုအပ်ပါတယ် ။

သူများတွေ အလုအယက်စကားနိုင်လုပြီးအပြိုင်ပြောဆိုနေကြတဲ့အချိန်မှာ ကိုယ်ကကောင်းမွန်စွာ နားထောင်ပေးနိုင်ဖို့လိုအပ်ပါတယ် ။
သူများတွေ စိတ်ဆိုးဒေါသထွက်နေကြတဲ့အခါ ကိုယ်က အေးချမ်းစွာ ပြုံးရယ်ပေးနိုင်ဖို့ လိုအပ်ပါတယ် ။

သူများတွေရပ်တန့်လိုက်ချိန်မှာ ကိုယ်က ဇွဲရှိရှိနဲ့ဆက်လက်လျှောက်လှမ်းနိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ် ။

စတီးမစ်မြန်မာအဖွဲ့သားများအားလုံး ပျော်ရွှင်စရာ သင်္ကြန်အခါသမယလေးမှာ နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေရှင် ။

@zinzin
MSC-194

[IMAGE: https://steemitimages.com/DQmWeK5DwD9JJcDSMfY7yussnLvbQadWhrU124zD6TPriqw/The_Life-98827bce-4d4e-325d-a0a0-66d9db2c2d75.jpg]

TAGS: [ #myanmar ] [ #blog ] [ #meaningful ] [ #life ]

Replies

@eieikhing | April 13, 2018, 8:26 p.m. | Votes: 7 | [ VOTE ]

တကယ်​ကိုမှတ်​သားလိုက်​နာကျင့်​သုံးစရာအချက်​​တွေပါပဲမဇင်​​ရေ။

@zinzin | April 14, 2018, 9:54 a.m. | Votes: 0 | [ VOTE ]

ဟုတ် မအိ

@yiyiswe | April 14, 2018, 6:24 a.m. | Votes: 0 | [ VOTE ]

အရာရာကိုလုံးဝမသိသေးတဲ့အချိန်မှာ..တခုခုဆိုရင်၊သူတပါးကိုအပြစ်မြင်တယ်။
နားလည်လာသောအချိန်မှာ..ကိုယ့်ကိုကိုယ်ဘဲအပြစ်မြင်တယ်။
အရာခပ်သိမ်းကို..အလုံးစုံသိသွားချိန်မှာတော့..သူတပါးကိုရော..မိမိကိုရော..အပြစ်မမြင်တော့ပါတဲ့...။

@zinzin | April 14, 2018, 9:54 a.m. | Votes: 4 | [ VOTE ]

ဟုတ်ပါတယ် တီတီ။ ဘယ်သူ့ကိုမှ အပြစ်မမြင်ပဲနေနိုင်တဲ့ထိ ကြိုးစားနေပါမယ် ။

@zinminhtet | April 15, 2018, 5:20 a.m. | Votes: 0 | [ VOTE ]

အရာရာကိုနားလည်​​ပေးနိုင်​တဲ့စိတ်​​လေး ထားနိုင်​ရင်​​ကောင်းတာ​ပေါ့

@zinzin | April 15, 2018, 1:50 p.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ် ကိုဇင်

@kyawhlaing | April 15, 2018, 5:22 a.m. | Votes: 0 | [ VOTE ]

မှတ်သားစရာတွေကောင်းပါတယ်

@zinzin | April 15, 2018, 1:51 p.m. | Votes: 1 | [ VOTE ]

ဟုတ် ။ ဖတ်ရှုအားပေးတာလည်းကျေးဇူးတင်ပါတယ် ရှင်။

@myintlwinsoe | April 15, 2018, 6:13 a.m. | Votes: 0 | [ VOTE ]

တိုတိုနဲ့ ထိထိရောက်ရောက်ရေးထားတာပါလား။ကောင်းတယ်ဗျာ မှတ်သားစရားတွေပဲ

@zinzin | April 15, 2018, 1:53 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ ကိုမြင့်။

@mgtoetat | April 15, 2018, 7:26 a.m. | Votes: 0 | [ VOTE ]

အမှန်ပါပဲဗျာ...ခွန်အားရှိစေသောစာပါ ဗျာ...

@zinzin | April 15, 2018, 1:52 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ရှင့်

@leeshang | April 15, 2018, 8:14 a.m. | Votes: 0 | [ VOTE ]

တစ်ချို့လူတွေဆို ကိုယ့်ဘာသာခလုတ်တိုက်မိရင်တောင် ဘေးလူကိုပြသနာရှာတတ်ကြတာ မဇင်ပြောသလိုစိတ်မျိုးလေးထားနိုင်ရင်အကောင်းဆုံးပါပဲ

@zinzin | April 15, 2018, 1:52 p.m. | Votes: 0 | [ VOTE ]

အဲလိုလေးနေသွားနိုင်ရင် အကောင်းဆုံးပါရှင်။

@myothuzar | April 15, 2018, 9:50 a.m. | Votes: 0 | [ VOTE ]

မှန်ပါတယ်။

@zinzin | April 15, 2018, 1:53 p.m. | Votes: 0 | [ VOTE ]

ဟုတ် မမျိုး

@jhonnight | April 15, 2018, 1:47 p.m. | Votes: 1 | [ VOTE ]

ကောင်းပါတယ်​။ မှတ်​သားစရာ​တွေပါ။
မျှ​ဝေ​ပေးတာ ​ကျေးဇူးပါပဲ

@zinzin | April 15, 2018, 1:50 p.m. | Votes: 0 | [ VOTE ]

ဟုတ် ကိုဂျွန် ။ ဖတ်ရှုအားပေးတာလည်း ကျေးဇူးပါရှင့်

@aungzin | April 15, 2018, 2:59 p.m. | Votes: 0 | [ VOTE ]

အမှန်တွေပါပဲ👍

@sanaung53 | April 15, 2018, 3:35 p.m. | Votes: 0 | [ VOTE ]

ပြင်​ဆင်​မှု​တွေရှိမှလုပ်​ငန်း​တွေဟာ​အောင်​မြင်​ဖို့​သေချာတာပါ။ခွန်​အားရှိ​စေတဲ့စာ​လေး​တွေပါ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>